MNP ၊ ဇန်နဝါရီ - ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့၊ ပြည်သူ့ဆေးရုံသို့ ဇန်နဝါရီ ၁၀ ရက် တွင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်း ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက သွားရောက်စစ်ဆေးရာ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာနေသူ ကွမ်းခြံ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သည့် စည်သူအောင် (ဘ)ဦးဆန်းညွန့်ဦး ဖြစ်ကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းချက်များအရ ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာနေ ဦးလွှမ်းမိုး(ဘ)ဦးရွှေသိန်း အပါအဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးတို့သည် အာကာမင်း(ဘ)ဦးဇော်လွင် မောင်းနှင်သည့် Light Truck အမျိုးအစား အဖြူရောင် မော်တော်ယာဉ်ဖြင့် မန္တလေးမြို့သို့ ကွမ်းရွက်ခြင်းများ သွားရောက်ရောင်းချခဲ့ကြောင်း၊ ထိုသို့ ရောင်းချပြီးနေရပ်သို့ပြန်လာစဉ် ညနေ ၅ နာရီခွဲခန့်တွင် ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာနှင့် သမရိုးကျေးရွာကြားရှိ ဒေသအခေါ် တစ်ဝက်မန်ကျည်းပင် တံတားသို့ အရောက်၌ NLD, PDF အကြမ်းဖက်သမားများက ဒေသန္တရလုပ် ဆွဲမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ပြီး ယာဉ်အားရပ်တန့်စေခဲ့ကြောင်း၊ ထို့နောက် ယာဉ်ပေါ်ပါ ကျေးရွာသူ၊ ကျေးရွာသားများအား ယာဉ်ပေါ်မှ ဆင်းခိုင်းကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ကွမ်းရောင်းရငွေကျပ် သိန်း ၁၀၀ ခန့်အား ယူဆောင်၍ ထွက်ခွာသွားခဲ့ကြောင်း၊ ထိုသို့ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သတင်းများကြားသိရ သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါသွားသည့် စည်သူအောင်၏ မိခင်ဖြစ်သူ ဒေါ်နွယ် သည် ရွှေပန်းကုံးကျေးရွာ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် ဖြစ်စဉ် နေရာသို့ သွားရောက်ခဲ့ရာ စည်သူအောင်အား သေနတ်ဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိရပြီး ၎င်း၏အနီးဝန်းကျင်တွင် ယာဉ်ပေါ်လိုက်ပါလာ သော အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး ပေါင်း ၅ ဦးတို့အား သေဆုံး လျက်တွေ့ရှိရကာ Light Truck မော်တော်ယာဉ်နှင့် ယာဉ်မောင်းဖြစ်သူ အာကာမင်း အား တွေ့ရှိရခြင်း မရှိကြောင်းနှင့် စည်သူအောင် အား ဝက်လက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန်ခေါ်ဆောင်လာစဉ် လမ်းခုလတ်၌ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ယာဉ်မောင်းဖြစ်သူ အာကာမင်းသည် ဝဲဘက်လက်မောင်းနှင့် လက်ဖျံ တို့တွင် သေနတ်ထိမှန်ဒဏ်ရာများဖြင့် ည ၇ နာရီခွဲခန့်တွင် အရာတော်မြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး ၎င်း၏ပြောပြချက်အရ NLD, PDF အကြမ်း ဖက်သမားများ ထွက်ခွာသွားချိန်တွင် မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးခဲ့ ကြောင်းနှင့် အရာတော်မြို့၊ ကူးတို့ကိုင်းကျေးရွာမှတဆင့် ဆေးရုံသို့ ရောက်ရှိ ဆေးကုသမှုခံယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် သေဆုံးခဲ့ရသူများနှင့် ပတ်သက်၍ သေမှုသေခင်းဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သူများနှင့် ပါဝင်ပက်သတ်သူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိသည်။
NLD, PDF အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ် အေး ချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ အဖျက်အမှောင့်လုပ်ငန်းမျိုးစုံကို လုပ် ဆောင်လျက်ရှိသည့်အပြင် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ပျက်စီးစေရန်အတွက်လည်း မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်လုယက်သတ် ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထုတစ်ရပ် လုံးအနေဖြင့် ပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ် ရှားမှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်နိုင်မှုမရှိသည်အထိ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြပါရန် သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment