MNP ၊ ဇန်နဝါရီ ၃၀
မန္တလေးမြို့ ၂၈ လမ်း ၇၀ ၇၁ လမ်းကြားရှိ ဆရာဂျီးမုန့်ဟင်းခါးဆိုင်ပိုင်ရှင် အောင်ခိုင်သည် NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော CRPH, NUG, PDF တို့၏ လှုံ့ဆော်မှုများတွင် ပါဝင်ရန် ထပ်ဆင့်လှုံ့ဆော်ထားသဖြင့် ယနေ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အောင်ခိုင်ဆိုသူသည် သူ၏ facebook စာမျက်နှာမှ အကြမ်းဖက် PDF များ၏ လှုံ့ဆော်နေသည့် အသံတိတ်သပိတ်အား အားပေးထောက်ခံခြင်း၊ နိုင်ငံတော်အကြီးအကဲများအား ဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားလှုံ့ဆော်ဖြန့်ဝေခြင်း၊ အကြမ်းဖက် PDF များငွေကြေးထောက်ပံခြင်းများကြောင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူ CRPH, NUG, PDF တို့၏ ဝါဒဖြန့်လှုံ့ဆော်မှုများတွင် သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ ကြောက်၍ဖြစ်စေ ပါဝင်ဆောင်ရွက်ပါက တည်ဆဲဥပဒေများအရ ဖမ်းဆီးခံရမည့်အပြင် ပိုင်ဆိုင်မှုများသိမ်းဆည်းခံရနိုင်ကြောင်း အသိပေးကြေညာထားသည်။
ဆရာဂျီး အောင်ခိုင်က အတင်းလက်မှတ်ထိုးခိုင်းလို့ ထိုးလိုက်ရပါတယ်ဟု သူ၏ facebook အကောင့်မှ ပြန်လည်ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
Crd - Chit
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment