ပွင့်ဖြူမြို့နယ်၌ သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းရုံးတွင် ယာယီဆေးခန်းဖွင့်လှစ်၍ သွားနှင့် ခံတွင်း အ‌ထွေထွေရောဂါ အခမဲ့ ကုသပေးသဖြင့် ဒေသခံပြည်သူများ အဆင်ပြေနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းရုံးတွင် ယာယီဆေးခန်းဖွင့်လှစ်၍ သွားနှင့် ခံတွင်း အ‌ထွေထွေရောဂါ အခမဲ့ ကုသပေးသဖြင့် ဒေသခံပြည်သူများ အဆင်ပြေနေ

 


MNP - ဇန်နဝါရီ    ၃၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးပရဟိတအသင်း၏ ဦးဆောင်မှုဖြင့် သွားနှင့်ခံတွင်းဆိုင်ရာ သွားဘက်ဆရာဝန် ဒေါက်တာနွေပွင့်ကျော်မောင် က ဇန်နဝါရီ ၁၅ ရက် နေ့က စတင်ကာ မြို့နယ်အတွင်းရှိ သွားနှင့် ခံတွင်းရောဂါခံစားနေရသည့် ဒေသခံပြည်သူများကို အခမဲ့ ဆေးဝါးကုသ ဆောင်ရွက်ပေးသဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အဆင်ပြေလျက် ရှိနေကြကြောင်း အဆိုပါ ပရဟိတ အသင်းရုံးမှ ဥက္ကဋ္ဌ ဦးတင်ဝမ်းထံမှ သိရသည်

ပွင့်ဖြူမြို့နယ် သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ၏ သာရေး၊ နာရေးနှင့် ကျန်းမာရေးကိစ္စများအပြင် သဘာဝဘေးအန္တရာယ် ကူညီထောက်ပံ့ရေး လုပ်ငန်းများကို ပြည်သူ့အကျိုးပြု ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ‌ဒေသခံပြည်သူများ သွားနှင့် ခံတွင်း အထွေထွေရောဂါနှင့် ပတ်သက်ပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန်နှင့် သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရန် ရည်ရွယ်၍ သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာနွေပွင့်ကျော်မောင်၏ ပံ့ပိုးကူညီမှုဖြင့် အသင်းရုံးတွင် ယာယီ ဆေးခန်းဖွင့်လှစ်ပြီး ဒေသခံပြည်သူများကို သွားနှင့် ခံတွင်းရောဂါ အခမဲ့ ဆေးဝါးကုသ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့မြို့နယ်က ဒေသခံပြည်သူတွေ သွားနှင့် ခံတွင်းရောဂါဝေဒနာကို အဆင်ပြေစွာ ကျန်းမာ ရေး စောင့်ရှောက်မှုခံယူနိုင်ရန်အတွက် ရည်ရွည်ပြီးတော့ ဇန်နဝါရီ ၁၅ ရက်နေ့ကစပြီး အသင်းရုံးမှာ ယာယီဆေးခန်း ဖွင့်လှစ်၍ သွားနှင့် ခံတွင်းရောဂါ အခမဲ့ ဆေးဝါးကုသဆောင်ရွက်ပေးနေပါတယ်။ ဆေးကုသမှု အပိုင်းကတော့ အပတ်စဉ် စနေနဲ့ တနင်္ဂနွေ (၂)ရက် ဆေးခန်းဖွင့်လှစ်ပြီးတော့ ကုသဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဆေးခန်းဖွင့်လှစ်နိုင်အောင် ပံ့ပိုးကူညီပေးတဲ့ သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာနွေပွင့်ကျော်မောင်ကိုလည်း အသင်းကိုယ်စား ကျေးဇူးတင် ပါတယ်။ ဒေသခံပြည်သူများအနေဖြင့် သွားနှင့် ခံတွင်းရောဂါနှင့် ပတ်သက်ပြီး ဆေးဝါး ကုသလိုပါက အပတ်စဉ် စနေ ၊ တနင်္ဂနွေနေ့မှာ လာရောက်ဆေးဝါးကုသမှုခံယူနိုင်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်ဝမ်းက ပြောပြသည်။

သတင်း - ရဲဝင်းနိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)