MNP ၊ ဇန်နဝါရီ ၃၀
မင်းတုန်းမြို့တွင် NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် PDF အကြမ်းဖက်စခန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးခဲ့ရာ PDFအကြမ်းဖက်သမား ကျား ၂ဦး၊ မ ၂ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မကွေးတိုင်းသရက်ခရိုင်၊ မင်းတုန်းမြိုနယ်၊ ငကုန်းကျေးရွာနှင့် ယင်းကောက်ရွာကြားရှိ PDF အကြမ်းဖက် စခန်းကို ယမန်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်၍ နှိမ်နင်းဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းမှ ရဲစခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြ၍ အောင်ပွဲခံနေကြသည်ကို တွေ့မြင်ရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment