MNP - ဇန်နဝါရီ ၃၁
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်စုတွင် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံ ပြည်သူများအား ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Vero)ကို (ဒုတိယအကြိမ်)အဖြစ် မုန်းကွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးစုရပ်တွင် ထိုးနှံပေးခဲ့ပါသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပန်လုံမြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်း၍ ဆေးလာရောက်ထိုးနှံသည့် ပြည်သူများကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်းစသည့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ယနေ့တွင် ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်စုမှ အသက်(၁၈)နှစ်အထက် ကျား(၅၈)ဦး၊မ(၆၂)ဦး၊ စုစုပေါင်း(၁၂၀)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment