မောက်မယ်မြို့နယ် သံဃနာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ် သံဃာဝန်ဆောင် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ် သံဃနာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ် သံဃာဝန်ဆောင် အစည်းအဝေးကျင်းပ

 


MNP - ဇန်နဝါရီ    ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်သံဃာနာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ် သံဃာ ဝန်ဆောင် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲ က အောင်မင်္ဂလာမွေတော်ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အတွင်းရှိ ကြွရောက်လာကြသော သံဃာတော်အပေါင်းတို့နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများတို့က နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး သဘာပတိဆရာတော်က အဖွင့်သြဝါဒကထာမြွက်ကြားသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ရေး အဖွဲ့ ကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်ဦး ကသာသနာရေးဆိုင်ရာများ လျောက်ထားကာ ၂၅%အနားယူခြင်းဆိုင်ရာ လုပ်ငန်း စီမံချက်အရ အနားယူသော ဆရာတော်များ၏ ဘွဲ့တော်ကိုကြေညာပြီး ပြန်လည်ရွေးချယ်နိုင်ရန်အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာ နယ်မြေအလိုက် အမည်စာရင်းတင်သွင်းကာ အစားထိုးရွေးချယ်ခံရသည့် မြို့နယ်သံဃာနာယက ဆရာတော်ဘွဲ့အမည်စာရင်းကို မြို့နယ် သံဃာ့ဝန်ဆောင် အစည်းအဝေးသို့ တင်သွင်းပြီး သာဓုသုံးကြိမ်ခေါ်ဆို၍ အတည်ပြုပေးရန်နှင့် သံဃာ့အဖွဲ့အစည်း လုပ်ထုံး လုပ်နည်းများနှင့်အညီ ရှင်းလင်းလျောက်ထားပြီး သဘာပတိဆရာတော်မှ နိဂုံးချုပ်သြဝါဒ ကထာမြွက်ကြွားကာ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ မြို့နယ် သံဃနာယက အဖွဲ့ဝင်များ အစားထိုးရွေးချယ်ခြင်း အစည်းအဝေးပြီးဆုံးကြောင်း သိရသည်။

သတင်း - စိုင်းမျိုးသန့် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)