မီတ္ထီလာမြို့ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ တစ်နာရီ ၄၀ လီတာအိုး လေးလုံး ထုတ်လုပ်နိုင်သည့် အောင်ဆီဂျင်စက်နှင့် အဆောက်အဦလွှဲပြောင်းပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မီတ္ထီလာမြို့ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ တစ်နာရီ ၄၀ လီတာအိုး လေးလုံး ထုတ်လုပ်နိုင်သည့် အောင်ဆီဂျင်စက်နှင့် အဆောက်အဦလွှဲပြောင်းပေးအပ်ပွဲကျင်းပ

 


MNP - ဖေဖော်ဝါရီ     ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ တစ်နာရီ ၄၀ လီတာအိုး လေးလုံး ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်နှင့် အဆောက်အဦလွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါ ဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အောက်ဆီဂျင်စက်နှင့် အဆောက်အဦလွှဲပြောင်းပေးအပ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မိတ္ထီလာမြို့သည် လမ်းဆုံမြို့ ဖြစ်သည့်အတွက် အထွေထွေရောဂါ ကုဆေးရုံကြီးသို့ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များသာမက အခြားမြို့နယ်များမှ လူနာများ ကိုလည်း လက်ခံကုသမှုပေးလျက်ရှိပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတစ်လျှောက်တွင်လည်း လိုအပ်သည့် အောက်ဆီဂျင်များကို ပြင်ပမှဝယ်ယူသုံးစွဲခဲ့ရသည့်အပြင် အခြားအတွင်းလူနာများနှင့် ခွဲခန်းတွင်လည်း လိုအပ်သော အောက်ဆီဂျင်အား ဝယ်ယူအသုံးပြုနေရပါကြောင်း၊ ယခုလို လူနာများအတွက် လိုအပ် လျက်ရှိသော အောက်ဆီဂျင်စက်နှင့် အောက်ဆီဂျင်စက်ရုံ အဆောက်အဦလှူဒါန်းပေးမှုအတွက် အလှူရှင်များအား မြို့နေပြည်သူလူထုကိုယ်စား ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အောက်ဆီဂျင်စက် လှူဒါန်းသည့် အလှူရှင် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျော့ချရေး ဖောင်ဒေးရှင်းမှ Country Director Ms Lin Yuan က မိတ္ထီလာမြို့ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်စက်လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ရာ မိတ္ထီလာမြို့ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီးမှ အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာအောင်ကျော်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက မိတ္ထီလာမြို့ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်စက် လှူဒါန်းသည့် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျော့ချရေး ဖောင်ဒေးရှင်းမှ Country Director Ms Lin Yuan အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇော်အောင်လေးက အောက်ဆီဂျင်စက်ရုံ အဆောက်အဦးအလှူရှင် ဦးကျော်အေး၊ ဒေါ်သန်းနွဲ့ကျော် ကားပစ္စည်းဆိုင် အား ဂုဏ်ပြုမှတ်တမ်းလွှာများ  ပေးအပ်ခဲ့သည်။ ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အလှူရှင်များ နှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး အောက်ဆီဂျင်စက်ရုံ အဆောက်အဦနှင့် အောက်ဆီဂျင်စက် တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရူ့ခဲ့ကြကြောင်း သိရသည်။

အဆိုပါလွှဲပြောင်းပေးအပ်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မိတ္ထီလာမြို့ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာ အောင်ကျော်စိုးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - သိန်းမြင့်ကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)