ငဖဲမြို့ ကျောင်းတွင်းရပ်ကွက်ရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့ ကျောင်းတွင်းရပ်ကွက်ရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေး


MNP - ဖေဖော်ဝါရီ    ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ကျောင်းတွင်းရပ်ကွက်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့်ပြည်သူများအား ယနေ့နံနက် ၈နာရီက ကျောင်းတွင်း ရပ်ကွက်ဓမ္မာရုံ၌ ကွင်းဆင်း ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအားပြည်သူများလာရောက်ထိုးနှံနိုင်ရေး ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် အကြိမ်ကြိမ်အသိပေးနှိုးဆော်ထားရှိပြီး ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များက သွားရောက် ကြည့်ရှုအားပေးကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူ့ကျန်းမာရေး ဝန်ထမ်း များက ကိုဗစ်-၁၉ ကာကွယ်ဆေး Phase (First Dose)များထိုးနှံပေးခဲ့ရာလာရောက်ထိုးနှံကြသောပြည်သူ (၁၄၃)ဦးရှိကြောင်း သိရသည်။

သတင်း - မယု

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)