မုဒုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဘာသာရပ်သင်ခန်းစာ ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဘာသာရပ်သင်ခန်းစာ ဆွေးနွေးပွဲ ပြုလုပ်




MNP - ဖေဖော်ဝါရီ     ၂၇

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်ချက် မြင့်မားရေး (မြို့နယ်အဆင့်) ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ မုဒုံမြို့နယ် ပညာရေးမှူး ဒေါ်မြဝင်းနှင့် ဒုတိယမြို့နယ် ပညာရေးမှူး ဦးဝင်းနိုင် တို့က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူများ အောင်ချက်မြင့်မားစေရန်အတွက် ဆရာ/ဆရာမများအနေဖြင့် သင်ခန်းစာများကို အနီးကပ် ထပ်မံကြိုးစား သင်ကြားပေးကြပါရန်၊ မွန်ပြည်နယ်(၁၀)မြို့နယ်အတွင်း မိမိတို့ မြို့နယ် အနေအဖြင့် အောင်ချက်ရာခိုင်နှုန်း အမြင့်မားဆုံး ရရှိစေရန်နှင့် ဘာသာရပ်ဆိုင်ရာ ဆင့်ပွား သင်ကြားပို့ချမည့် အစီအမံများတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဘာသာရပ်ဆွေးနွေးပွဲတွင် Grade – 11 အဆင့် သင်ရိုးဟောင်း အထောက်အကူပြု မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချ်ာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ပထဝီဝင်နှင့် သမိုင်း ဘာသာရပ်တို့အား နည်းပြဆရာ၊ ဆရာမ (၃၂)ဦးတို့က ဘာသာရပ်သင် ဆရာ၊ ဆရာမ (၇၂) ဦးတို့အား အခန်း(၇)ခန်းခွဲ၍ တစ်ရက်ကြာ သင်ပြဆွေးနွေးပို့ချပေးသွားမည်ဖြစ်သည်။

မုဒုံမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ အတွင်း အပြင်စုစုပေါင်း ၁၂၆၆ ဦးဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်သွင်းထားကြောင်း မုဒုံမြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

သတင်း - အောင်မျိုးသူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)