ရသေ့တောင်မြို့၌ ကိုဗစ် -၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ကိုဗစ် -၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်






MNP ၊ ဖေဖော်ဝါရီ   ၂၃

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကိုဗစ် -၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကူးစက် ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရသေ့တောင်မြို့နယ်အတွင်းနေထိုင်ကြသည့် ပြည်သူ များအနေဖြင့် ကိုဗစ် -၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုးကူးစက်ပြန့်ပွားမှု မရှိ စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို သိရှိလိုက်နာစေရေး အသံချဲ့စက်များဖြင့်လှည့်လည်ကြော်ငြာခြင်း၊ လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း စသည့်အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစ၍ ပြည်သူများအနေဖြင့် အပြင်သို့သွားလာ ရာတွင် ပါးစပ်နှင့်နှာခေါင်း(Mask)မတပ်ဆင်ပါက ဒဏ်ငွေတစ်ထောင်ပေးဆောင်သည့် ဒဏ်ရိုက်စနစ် ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - အောင်စံထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)