ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက်တွင် လက်လုပ်ဗုံးပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက်တွင် လက်လုပ်ဗုံးပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ



MNP - ဖေဖော်ဝါရီ     ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက်တွင် ယနေ့နံနက် (၈:၀၀) နာရီအချိန်ခန့် က လက်လုပ်မိုင်းပြုလုပ်ရန် ဖြတ်တောက်ထားသော PVC ပိုက် (၆)ချောင်း၊ ပိုက်ဖြတ်ကရိယာများ၊ သံဘောစေ့များ၊ အမိုနီယံနိုက်ထရိတ် (၁)ကျပ်သားခန့်၊ နိုင်ငံတော်အကြီးအကဲပုံပေါ်တွင် ဆန့်ကျင်စာ/သရော်စာများ ရေးသားထားသည့် ဓာတ်ပုံစာရွက် များ၊ နိုင်ငံတော်အားအကြည်ညိုပျက်စေမည့် ဓာတ်ပုံစာရွက်များအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်လုပ်ဗုံးများနှင့် နိုင်ငံတော်အကြည်ညိုပျက်ပြားအောင် ပြုလုပ်နေသူများ ဖော်ထုတ်ဖမ်းဆီးရမိရေး တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပိတ်ဆို့ရှာဖွေ  စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)