ကျောက်မဲမြို့နယ်အတွင်း အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့နယ်အတွင်း အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များဖြန့်ဝေ


MNP - ဖေဖော်ဝါရီ     ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား Silent Strike (အသံတိတ်သပိတ်) တွင်ပါဝင်မှုမရှိစေရေး  နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်များအား သိရှိစေရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့ကျက်သရေဆောင်ခန်းမရှေ့ ပင်လုံလမ်းပေါ်တွင် မြို့တွင်းသွားလာသူများအား ဖြန့်ဝေခဲ့သည်။

ထိုသို့ အသိပညာပေး လက်ကမ်းစာစောင်တွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ  လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေရေး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက် (Facebook Account) များမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများ အနေဖြင့် ၎င်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒ ဖြန့်မှုများ ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကိုပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေနှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်းပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင် များကို မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများက ပူးပေါင်းဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အလားတူ အဆိုပါ လက်ကမ်းစာစောင်များကိုဈေးများ၊ မြို့ပေါ်ရပ်ကွက်ပေါ်ရှိ ဈေးဆိုင်များ သို့လည်း ယခင်ရက်များက ဖြန့်ဝေထားပြီးကြောင်းသိရသည်။

သတင်း - မိုင်းထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)