သာစည်မြို့နယ် ကျော်လေးဆူသမိုင်းဝင်ရွှေယင်မျော်ဘုရားကြီး၌ ဌာနဆိုင်ရာများစုပေါင်း သန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ် ကျော်လေးဆူသမိုင်းဝင်ရွှေယင်မျော်ဘုရားကြီး၌ ဌာနဆိုင်ရာများစုပေါင်း သန့်ရှင်းရေးဆောင်ရွက်




MNP - ဖေဖော်ဝါရီ    ၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရွာကြီးကျေးရွာအနီးရှိ ကျော်လေးဆူသမိုင်းဝင် ရွှေယင်မျော်ဘုရားကြီးတွင် ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းစွာဖြင့်ဖူးမျော်နိုင်ရန်   ဌာနဆိုင်ရာများစုပေါင်း၍  ယမန်နေ့ နံနက် ၁၁ နာရီက သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက ဦးဆောင်၍မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊  လဝကဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွာကြီးအထက(ခွဲ)မှ ဆရာ/မများ စသည်ဖြင့်  ဌာနပေါင်းစုံမှဝန်ထမ်းများကဘုရားကြီးရင်ပြင်တော်၌   အမှိုက်များ ကင်းရှင်းစေရန် ပျော်ရွှင်စွာဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သော အဖွဲ့အား ရွာကြီးကျေးရွာရပ်မိရပ်ဖများက ခေါက်ဆွဲကြော်များ၊ လက်ဖက်ရည်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)