ဟိုပုံးမြို့၌ ၂၀၂၁- ၂၀၂၂ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပုံးမြို့၌ ၂၀၂၁- ၂၀၂၂ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု



MNP - ဖေဖော်ဝါရီ    ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာ ဦးမောင်မောင်မြင့်နှင့် တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ငွေကျပ်(၂၀.၇၅)သန်းဖြင့် ထွန်းလှမင်းသစ္စာကုမ္မဏီမှ ဆောင်ရွက်သည့် အလျား (၁၀၀၀)ပေ၊ အနံ(၁၂)ပေရှိ နောင်ဗိုလမ်းသွယ်(၂)ကတ္တရာလမ်းခင်းခြင်း ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်ခွင့်ပြု ရန်ပုံငွေ ငွေကျပ်(၃၅)သိန်းဖြင့်  ဖြင့်ဆောင်ရွက်သည် အလျား(၁၃)ပေ၊ အနံ(၇)ပေ၊ အမြင့်(၁၄)ပေရှိ ဟိုပုံး-ဆီဆိုင်သွားလမ်းဘေးရှိ မြို့အဝင်ဆိုင်းဘုတ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း ကောင်း၊ မြို့ဦးရပ်ကွက် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်သည့်  တမာလမ်းကွန်ကရစ်တံတားဆောက် လုပ်နေမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)