ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု သုံးသိန်းရှစ်သောင်းတစ်ထောင်ကျော် ထိုးပေးပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု သုံးသိန်းရှစ်သောင်းတစ်ထောင်ကျော် ထိုးပေးပြီဖြစ်

 



MNP - ဖေဖော်ဝါရီ    ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု အခြေအနေ ဖေဖော် ဝါရီ ၁၈ရက်နံနက်ပိုင်းအချိန်ထိ ၃၈၁၀၈၁ ဦးထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်တွင် သတ်မှတ်စုရပ်(၁၂) နေရာ၊ ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ်နေရာ (၁၂) နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၈၈၅၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၇၅၁၆၀ဦး၊ Sinovac ပထမအကြိမ် ၃၈၅၄ဦး၊ Sinovac ဒုတိယအကြိမ် ၃၅၉၉ဦး၊ Phase -6 Covisheld ပထမအကြိမ် ၇၇၀၀ဦး၊ Phase -6 Covisheld ဒုတိယအ ကြိမ်(၂၀၄၆)ဦး၊ Phase -7 Covisheld ပထမအကြိမ် ၂၃၄၃ဦး၊ Booster Sinopharm (- )ဦး ၊ Phase -7 Sputnik Light (First Doest)  ၁၄၁၄ဦး၊  Sputnik Light (Booster)၁၃၁၁ဦး၊Booter Covaxin 110ဦး ထိုးပေးနိုင်ပြီဖြစ်ကာ ညောင်ဦးမြို့နယ်အနေဖြင့် ကိုဗစ်ကူးစက်ရောဂါကာကွယ်ဆေးထိုး ပေးနိုင်မှု ၁၈၆၃၀၂ ဦးထိုးပေးနိုင်ပြီဖြစ်ကာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၉၅၁၉၁ဦး၊ Sinopharm ဒုတိယအကြိမ် ၇၅၁၂၄ ဦး၊ Sinovac ပထမအကြိမ် ၅၂၉၄ဦး၊ Sinovac ဒုတိယအကြိမ် ၄၃၄၅ဦး၊ Phase -6 Covisheld ပထမအကြိမ် ၆၇၁၀ဦး၊ Phase -6 Covisheld ဒုတိယအ ကြိမ် ၂၈၂၇ဦး၊ Phase -7 Covisheld ပထမအကြိမ် ၃၆၀၈ဦး၊ Booster Sinopharm (၅၀ )ဦး ၊ Phase -7 Sputnik Light (First Doest)  ၁၆၃၀ဦး၊ Sputnik Light (Booster)(-) ဦး၊ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်ကူးစက်ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု ၁၉၄၇၇၉ ဦးထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ညောင်ဦးခရိုင်တွင် ကိုဗစ်ရောဂါကာကွယ်ဆေး ၃၈၁၀၈၁ဦးထိုးပေးနိုင်ပြီဖြစ်ကြောင်း ဝေးလံသည့် ဒေသများနှင့်လာရောက်ဆေးထိုးရန် မလွယ်ကူသည့် နေရာဒေသများသို့လည်း နယ်လှည့် ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျှက်ရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးတိုးလွင်က ရှင်းပြ၍ သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)