ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနား ကျင်းပ

 


MNP - ဖေဖော်ဝါရီ     ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့နယ် အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးဦးမှ အဖွင့်စကားပြောကြားခဲ့ပြီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးကြသော အားကစားဝါသနာရှင်များနှင့် ဆေးအဖွဲ့များအား မြို့နယ်အားကစားမှူး ဒေါ်ဖြိုးစန္ဒာဝင်း မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် လက်ထောက် ပညာရေးမှူး ဦးမြင့်နိုင်မှဒိုင်လူကြီးများနှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းနှင့် မေတ္တာ လက်ဆောင်များကိုလည်းကောင်း၊ ဂိုးသမားအကောင်းဆုံးဆုကို ဦးအေးမင်းစိန်မှ လည်းကောင်း၊ နောက်တန်းကစားသမား အကောင်းဆုံးဆုကို မြို့နယ်ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးထွန်းနိုင်မှလည်းကောင်း၊ အလယ်တန်းအကောင်းဆုံးကစားသမားဆုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်ထွန်းမှလည်းကောင်း၊ ရှေ့တန်းကစားသမား အကောင်းဆုံးဆုကို မီးသတ်ဦးစီးမှူးဦးစိုးထွန်းမှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုကို စီမံကိန်းဦးစီးဋ္ဌာန၊ လက်ထောက်ညွှန်ကြားရေးမှုး၊ ဦးဆန်းဝင်းမှ လည်းကောင်း၊ ဒုတိယရရှိသော ရွာရှည်အသင်းမှ ကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်ကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင် ဦးမြဟန်မှလည်းကောင်း၊ ပထမ ရရှိသောပြည့်စုံကုန်းအသင်းမှ ကစားသမားတစ်ဦးချင်း ဆုတံဆိပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်မှလည်းကောင်း၊ ဒုတိယဆုရရှိ သော ရွာရှည်အသင်းအား ငွေသားဆုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးမြင့်မောင်မှလည်း ကောင်း၊ ပထမရရှိသော ပြည့်စုံကုန်းအသင်းအား ပထမဆုကလပ်နှင့် ငွေသားဆုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးမှလည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ၂၀၂၂ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၄)နှစ်အောက်အမျိုး သားလူငယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးဦးနှင့်  အဖွဲ့ဝင်များ ၊မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာ အကြီး အကဲများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများမှ ကစားသမားလူငယ်များနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

သတင်း - ဋ္ဌေးလှိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)