ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ





MNP - ဖေဖော်ဝါရီ    ၂၈

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁၂  နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမတွင်ကျင်းပကြပါသည်။

အခမ်းအနားသို့ ရမ်းဗြဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ရမ်းဗြဲ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါပေးအပ်ပွဲတွင် ပန်ခင်းစီမံချက်ဖြင့် ၂၀၂၂ - ခုနှစ်၊ ဖေဖေါ်ဝါရီလအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စုများနှင့် အခြေခံပညာကျောင်းများဖြစ်ကြသည့်  အ.ထ.က(ခွဲ)မကျည်း၊  အ.ထ.က(ခွဲ ရမ်းသစ်ချေ၊ အ.ထ.က(ခွဲ)ဖက်ကြပ်၊ အ.ထ.က(ခွဲ)မြေပုံ၊ အ.ထ.က-သစ်ပုတ်တောင်၊ အ.ထ.က(ခွဲ)သင်းပန်းချိန် စသည့်ာင်းများမှကျေင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် ကျေးရွာအုပ်စုများဖြစ်သော လက်ပန်ပြင်အုပ်စု၊ ရေကောင်းချောင်းအုပ်စု၊ ပသမုတ်အုပ်စု၊ မကျည်းအုပ်စု၊ ရမ်းသစ်ချေအုပ်စု၊ မြေပုံအုပ်စု၊ သံ‌ေချောင်းအုပ်စု၊ ကျောင်းပြိန်အုပ်စု၊ တောကြားအုပ်စုတို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြားပေါး(၆၇၉)ခု

 အိမ်ထောင်စုလူဦးရေစာရင်း တွင် အိမ်ထောင်စုခွဲ(၁၃၁)ခု နှင့် အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ(၉၂)ခုစုစုပေါင်း(၂၂၃)တို့ကိုဆောင်ရွက်ပေးနိုင်ခဲ့ရာ ရမ်းဗြဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်မြို့တို့မှ ပေးအပ်ပေးခဲ့ကြကြောင်း သိရသည်။

သတင်း - အောင်နိုင် 

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)