Genocide Convention အရ လျှောက်ထားသောအမှု (ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံ) ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက် MR CHRISTOPHER STAKER ၏ ပထမအကြိမ် လျှောက်လဲချက် ကနဦးကန့်ကွက်လွှာ ပထမနှင့် စတုတ္ထအချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Genocide Convention အရ လျှောက်ထားသောအမှု (ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံ) ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက် MR CHRISTOPHER STAKER ၏ ပထမအကြိမ် လျှောက်လဲချက် ကနဦးကန့်ကွက်လွှာ ပထမနှင့် စတုတ္ထအချက်

 

 Genocide Convention အရ လျှောက်ထားသောအမှု

(ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံ)

၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက်

 MR CHRISTOPHER STAKER ၏ ပထမအကြိမ် လျှောက်လဲချက်

ကနဦးကန့်ကွက်လွှာ ပထမနှင့် စတုတ္ထအချက်



 နိဒါန်း


ဥက္ကဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများ ခင်ဗျာ၊


 ၁။      ပထမအကြိမ် ကြားနာမှုအပြီးမှာ ဒုတိယအကြိမ်ကြားနာမှုတွင် မည်သည့်ယခင် လျှောက်ထား ချက်များကိုမျှ ထပ်မံပြောကြားရန် မလိုကြောင်း ကျွန်တော်တို့ကို သတိပေးခဲ့ ပါတယ်။


 ၂။       ယခု ဒုတိယအကြိမ်တင်သွင်းမှုတွင် ကျွန်တော့်အနေဖြင့် ပထမနှင့်စတုတ္ထ ကနဦး ကန့်ကွက် ချက်များကို ဦးစွာတင်ပြမှာဖြစ်ပါတယ်။ Professor Talmon အနေဖြင့် ဒုတိယ ကနဦး ကန့်ကွက်ချက် များကိုတင်ပြမှာဖြစ်ပြီး အဲဒီနောက်မှာတော့ Professor Kolb က တတိယ ကနဦးကန့်ကွက်ချက်များကို တင်ပြမှာဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ကိုယ်စားလှယ်ဖြစ် သူက မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်တင်သွင်းမှု နိဂုံးချုပ်မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။


အထွေထွေကိစ္စရပ်များ


၃။    ဒါပေမယ့် ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ ကနဦးကန့်ကွက်ချက်များ မတင်သွင်းမီ ကျွန်တော့်အနေနဲ့ ဂမ်ဘီယာရဲ့ပထမအကြိမ် နှုတ်ဖြင့် တင်သွင်းမှုမှ ထွက်ပေါ်လာတဲ့ အထွေထွေကိစ္စရပ် (၃) ခုကို ဦးစွာ တင်သွင်းမှာ ဖြစ်ပါတယ်။


၄။    ပထမကိစ္စက ယခုကဲ့သို့ ဖြစ်ပါတယ်။ ပထမအကြိမ်တင်သွင်းမှုအတွင်းမှာ ကြားဖြတ် စီမံ ဆောင်ရွက်ချက်အမိန့်ဟာ တရားစီရင်ရေးနှင့် ခွင့်ပြုရေးကိစ္စရပ်များအတွက် ကနဦး အခြေခံဖြစ်တယ်ဆို တာကို ဂမ်ဘီယာက အကြိမ်ပေါင်းများစွာ အသိအမှတ်ပြုခဲ့ပါတယ်။ အဲဒါမှန်ကန်ပါတယ်။ အဆိုပါအမိန့်တွင် တရားရုံးက ကြားဖြတ်စီမံဆောင်ရွက်ချက်များ အဆင့်တွင် ၎င်းသည် “အမှု၏ အကြောင်းခြင်းရာများ နှင့်စပ်လျဉ်း၍ တရားစီရင်ပိုင်ခွင့်ရှိ သည် ဟူသော ပုံစံဖြင့် မိမိဘာသာ သေချာ​နေရန် မလိုအပ်ကြောင်း” အတိအလင်း သိရှိထားပါတယ်၊ တရားစီရင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကိုလည်း ကနဉီး အခြေခံ အဆင့်မျှဖြင့်သာ ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အမိန့်မှာ ဖေါ်ပြထားပါတယ်။


၅။    ဒါကြောင့်မို့ ကြားဖြတ် စီမံဆောင်ရွက်ချက်အမိန့်ရဲ့ စာပိုဒ် ၈၅ မှာ အဆိုပါအမိန့်သည် “တရားရုံး၏ တရားစီရင်ပိုင်ခွင့်နှင့် လျှောက်ထားမှုအား လက်ခံနိုင်မှုကို မည်သည့်နည်း ဖြင့်မျှ ကြိုတင်ဆုံးဖြတ်မှာ မဟုတ်ကြောင်း” ပြတ်သားစွာဖော်ပြထားပြီး “အဲဒီမေးခွန်းများ စပ်လျဉ်း၍ အငြင်းပွားခွင့်များနှင့် အထောက် အထား တင်ပြပိုင်ခွင့်ကို မြန်မာနိုင်ငံ၏ ရပိုင်ခွင့်အား မထိခိုက်စေဘဲ” လည်းအမိန့်မှာ ပါရှိပါတယ်။ နောက်ဆက်တွဲ ကနဦး ကန့်ကွက်မှုအဆင့်တွင် တိကျသောအခြေခံဖြင့် တူညီသောတရားစီရင်ပိုင်ခွင့်နှင့် လျှောက်ထားမှုကို လက်ခံနိုင်မှုဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ်ပေးရန် မြန်မာနိုင်ငံ၏ တောင်းဆိုပိုင်ခွင့်ကို တရားရုံးကိုယ်တိုင်က ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုပါတယ်။


၆။    တရားရုံးမှ ဤရှင်းလင်းသည့်ဖေါ်ပြချက်ရှိသော်လည်း ပထမ အကျော့ လျှောက်လဲမှုတွင် ဂမ်ဘီယာနိုင်ငံ၏ တင်ပြချက်များတွင် ကနဦးကန့်ကွက်မှုလေးရပ်ကို ယာယီအစီအမံ အဆင့်တွင် တရားရုံးက တစ်နည်းနည်းဖြင့် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းနှင့် ယခုအချိန် တွင် မည်သည့်အရာမျှ မပြောင်းလဲခဲ့သဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်မှာလည်း မပြောင်း လဲသင့်ကြောင်း ဖော်ပြထားပါတယ်။


၇။    သို့ရာတွင် ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့် အပိုဒ် ၈၅ တွင် ရှင်းရှင်းလင်းလင်း ဖော်ပြ ထားသည့်အတိုင်း ကနဦးကန့်ကွက်ချက်များကို မည်သည့်နည်းနဲ့မျှ ကြိုတင်ဆုံးဖြတ်ခြင်း မပြုရဟုဆိုလျှင် လက်ရှိ တရားစွဲဆိုမှုအဆင့်တွင် နှစ်ဦးနှစ်ဖက်၏ ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုံမှုများနှင့် အထောက်အထား များအား ကနဉီးကန့်ကွက်ချက်များတွင် အပြည့်အဝ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါတယ်။ ကြားဖြတ် စီမံဆောင်ရွက်ချက်အမိန့်သည် အဆုံး အဖြတ်မဟုတ်ရုံသာမက အစပျိုးသည့်အချက်ပင် မဟုတ်ပါ။ ဤအဆင့်တွင် ယခုစဉ်းစား နေသော ကိစ္စရပ်များအတွက် ဆုံးဖြတ်ချက် လုံးဝမဟုတ်ပါ။


၈။    ဒုတိယကိစ္စက ယခုကဲ့သို့ ဖြစ်ပါတယ်။ ကနဦးကန့်ကွက်ချက်များဟာ အမှုကိစ္စ၏ အကြောင်း အချက်များနဲ့ လုံးဝမသက်ဆိုင်ပါ။ သို့သော်လည်း ပထမအကျော့တွင် ဂမ်ဘီယာ၏ဥပဒေ အကျိုးဆောင်သည် အဆိုပါကိစ္စရပ်တွင် ကနဦးကန့်ကွက်မှုများနှင့် မသက်ဆိုင်သည့် ဂမ်ဘီယာ၏ အခိုင်အမာပြောဆိုချက် သို့မဟုတ် မြန်မာနိုင်ငံရှိ အခြား ဖြစ်ရပ်များနှင့် သက်ဆိုင်သည့် ပြောကြားချက်များကို ပြုလုပ်ခဲ့ပါတယ်။ ကနဦး ကန့်ကွက် မှုများနှင့်စပ်လျဉ်း၍ လက်ရှိကြားနာမှုအခြေအနေတွင် ဂမ်ဘီယာနိုင်ငံ၏ အဆိုပါ ပြောကြားချက် များအား လုံးဝအကြောင်းပြန်ခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း သိသာထင်ရှားပြီး အဆိုပါပြောကြား ချက်များအား မြန်မာနိုင်ငံမှ ဖြေရှင်းမှုမပြုခြင်းသည် မည်သည့်နည်းဖြင့်မျှ လိုက်လျောမှုအဖြစ် မယူဆနိုင်ပါ။


၉။    တတိယကိစ္စက ယခုကဲ့သို့ ဖြစ်ပါတယ်။ ကနဦးကန့်ကွက်မှုများအား တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာနှင့် အမှုများကို လက်ခံနိုင်မှုအား ဥပဒေတို့နှင့်အညီ ဆုံးဖြတ်ရမည် ဖြစ်ပါတယ်။  ဤသည်မှာ ထုတ်ဖော်ပြောဆိုရန် မလိုအပ်သော အချက်သာဖြစ်ပါတယ်။ သို့သော်လည်း၊ ဂမ်ဘီယာက အခြားနည်းဖြင့် အဓိပ္ပာယ်သက် ရောက်နိုင် သော ပြောကြား ချက်များ ပြုလုပ်ခဲ့သောကြောင့် ကျွန်တော်အနေနဲ့ဖော်ပြခြင်းဖြစ်ပါတယ်။ ပထမ အကျော့ တွင် ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံအပေါ် တရားရုံးကသာ သြဇာလွှမ်းမိုးမှုရှိသည် ဟူသော အကျိုးသက် ရောက်မှုရှိကြောင်း၊ တရားရုံးသည် မြန်မာနိုင်ငံအပေါ် စီရင်ပိုင်ခွင့် အာဏာကို ကျင့်သုံးခြင်း မရှိပါက မြန်မာနိုင်ငံသည် မည်သူ့ကိုမျှ တာဝန်ခံမည်မဟုတ် ကြောင်း၊ လက်ရှိ ကြားဖြတ်စီမံဆောင် ရွက်ချက်များကို ထိန်းသိမ်းထားရန်မှာ မရှိမဖြစ် လိုအပ်ကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်း ရှင်းကို ခိုင်မာစွာထိန်းသိမ်းရန် တရားရုံးတွင် တာဝန်ရှိကြောင်းနှင့် ကနဦးကန့်ကွက်မှုများသည် အဆိုပါကွန်ဗင်းရှင်း၏ ရည်ရွယ်ချက်များနှင့် ကွဲလွဲမှုရှိနေကြောင်း ပြောကြားခဲ့ပါတယ်။


၁၀။  ကနဦးကန့်ကွက်လွှာသည် အမှု၏ အဓိကအကြောင်းအရာနှင့် သက်ဆိုင်ခြင်း မရှိပါ။ ထို့ကြောင့် စီရင်ပိုင်ခွင့်နှင့် အမှုလက်ခံခွင့်ဆိုင်ရာ ဥပဒေကို တရားရုံးက ဂမ်ဘီယာ ပြောသည့်အတိုင်း ပြုပြင်ပြောင်းလဲ ပေးသင့်ကြောင်း ဂမ်ဘီယာက တိုက်တွန်း အကြံပြုနေ တာမျိုးသာမဟုတ်ခဲ့လျှင်၊ အမှု၏ လက်ရှိအဆင့်တွင် ဂမ်ဘီယာက အမှုအကြောင်းအရာတွေ ဘာကြောင့်ထည့်သွင်းလျှောက်လဲတင်ပြနေတယ်ဆိုတာ စဉ်းစား ရခက်နေ မှာဖြစ်ပါ တယ်။ ဂမ်ဘီယာရဲ့ ပြောပုံအရဆိုရင် Genocide Convention အမှုကိစ္စမှာ ကနဦ ကန့်ကွက် ချက်ဆိုတာ “ရောသမမွှေထားတဲ့ လုပ်ထုံးလုပ်နည်းတွေ” ဆိုတဲ့ ပုံစံမျိုး ပေါက်သွားမှာ ဖြစ်ပါတယ်။ ဘယ်အမှုမှာပဲဖြစ်ဖြစ် တရားရုံးက သူ့ရဲ့ စီရင်ပိုင်ခွင့်ကို လိုသလို ချဲ့ထွင်ပိုင်ခွင့်မရှိသလို အမှုလက်ခံပိုင်ခွင့် နယ်ပယ်ကိုလည်း တိုးချဲ့လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ တရားရုံးအနေနဲ့ အခြေအနေအပေါ် မူတည်ပြီး မီးစင်ကြည့်ကလို့ ရတယ်လို့ သွေးဆောင်စည်းရုံးခံရသလိုဖြစ်သွားမှာမို့လိုပါပဲ။ ဒါကြောင့် ဂမ်ဘီယာရဲ့ ဖော်ပြလျှောက်လဲချက်တွေဟာ ဒီကြားနာမှုနဲ့ စပ်ဆိုင်မှုမရှိသလို မြန်မာဘက်ကလည်း ဒီကိစ္စတွေကို တုံ့ပြန်ဖြေရှင်းဖို့လိုမှာမဟုတ်ပါဘူး။


၁၁။  ရေးသားတင်သွင်းထားသော ကနဦးကန့်ကွက်ချက်များသည် Genocide Convention ၏ အရေးကြီးမှုကို အသိအမှတ်ပြုပါတယ်။ သို့ရာတွင် မည်မျှအရေးကြီးသည်ဖြစ်စေ တရားရုံး၏ တရားစီရင်ပိုင်ခွင့်အာဏာနှင့် အမှုများကိုလက်ခံနိုင်မှုတို့ဆိုင်ရာ နိုင်ငံတကာ ဥပဒေများ၏ ယေဘုယျစည်းမျဉ်းများ အပေါ်မူတည်သကဲ့သို့ ဥပမာအားဖြင့် စာချုပ်များ အား ချွင်းချက်ပြုလုပ်သည့် ဆက်စပ်သော စည်းမျဉ်းများတွင်လည်း မူတည်ပါတယ်။ တရားရုံးသည် အခြေအနေတိုင်းတွင် နိုင်ငံတိုင်းမှ နိုင်ငံတကာဥပဒေများကို ချိုးဖောက် သည်ဟု စွပ်စွဲမှုတိုင်း အတွက် တရားစီရင်ပိုင်ခွင့်မရှိဟူသော အချက်မှာ ဖန်တရာကျေ အောင် သုံးစွဲနေပြီးသော ဉပဒေဖြစ်ပါတယ်။ တရားရုံးသည် စီရင်ပိုင်ခွင့်အာဏာရှိ-မရှိနှင့် အမှုကို လက်ခံသင့်-မသင့်ကို ဥပဒေနှင့်အညီ ဆုံးဖြတ်ရမည်ဖြစ်ပြီး၊ အမှုဖြစ်ရန် ဆန္ဒရှိမှုကိုအခြေခံရမည် မဟုတ်ပါ။


ကနဦးကန့်ကွက်လွှာ ပထမအချက်


ဥက္ကဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများ ခင်ဗျာ၊


၁၂။  ကျွန်တော် ကနဦး ကန့်ကွက်လွှာ ပထမအချက်ကို တင်ပြပါမယ်။ ကျွန်တော် ပထမအကျော့မှာ ရှင်းလင်းခဲ့သလို၊ ဒီမှာ အကြောင်းခြင်းရာ အဓိကပြဿနာတစ်ခုနဲ့ ဥပဒေဆိုင်ရာ အဓိက ပြဿနာ တစ်ခု ပါဝင်ပါတယ်။


၁၃။  အကြောင်းခြင်းရာပြဿနာကတော့ ပထမအကျော့မှာ ဂမ်ဘီယာနိုင်ငံက OIC နဲ့ တခြား အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံခဲ့တဲ့ အသေးစိတ်အချက်အလက်တွေကို မဖော်ပြခဲ့သလို၊ အဲဒီကိစ္စတွေအတွက် နောက်ထပ် အထောက်အထားလည်း မဖော်ပြခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ်၊ ဂမ်ဘီယာက သက်သေအထောက် အထားမရှိတဲ့ ယေဘုယျလျှောက်လဲချက်တစ်ခုကိုတော့ ပြုလုပ်ခဲ့ပါတယ်။ အဲ့တာကတော့ “ဂမ်ဘီယာက ဦးဆောင်မှု ကဏ္ဍကို ရယူခဲ့တယ်” ဆိုတာမျိုးပါ။ ဒါ့အပြင် ဒီအမှုကို စဖွင့်ဖို့ ဂမ်ဘီယာကပဲ အကြံပေးခဲ့ တယ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဒီလျှောက်လဲချက်တွေကို အကြောင်းအရာ အချက်အလက် (သို့မဟုတ်) သက်သေခံအဖြစ် မှတ်ယူလို့ မရပါဘူး။


၁၄။  ဂမ်ဘီယာနိုင်ငံသည် တရားရုံးရှေ့မှောက်ရှိ သက်သေခံတွေကို “ပေါက်တတ်ကရ ဝဘ်ဆိုဒ်များ၊ ဆောင်းပါးများ၊ တွစ်တာများနှင့် သတင်းထုတ်ပြန်မှု” တွေလို့ နှိမ့်ချ ဖော်ပြခဲ့ပါတယ်။ သို့သော်လည်း ဤအထောက်အထားများ၏ အရင်းအမြစ်တွေက OIC၊ ကုလသမဂ္ဂ၊ ဂမ်ဘီယာအစိုးရ သို့မဟုတ် ၎င်း၏ ကိုယ်စားလှယ်များနှင့် အခြားသော OIC အဖွဲ့ဝင် နိုင်ငံများအပြင် အစိုးရများ၏ ထုတ်ပြန်ချက်ဆိုင်ရာ မီဒီယာအစီရင် ခံစာများဖြစ်ပါတယ်။ ဂမ်ဘီယာသည် အဲ့ဒီအချက်အလက်တွေမှာပါဝင်တဲ့ သီးခြားအကြောင်း အရာတွေကို ငြင်းဆိုမှုမရှိတဲ့အချက်က ပြဿနာအဖြစ် ကျန်ရှိနေပါတယ်။


၁၅။  အမှန်စင်စစ် ဂမ်ဘီယာနိုင်ငံသည် OIC ၏ အဆိုပြုချက်ကို ၎င်းအစိုးရအဖွဲ့မှ အတည်ပြု ခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင်သာ အမှုစွဲတင်ရန် ၎င်း၏ ၎င်းအစိုးရအဖွဲ့မှ ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်ဟု ယခု အတိအလင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။


၁၆။  ဂမ်ဘီယာနိုင်ငံသည် အမှုကိစ္စအတွက် ငွေကြေးထောက်ပံ့မှု အစီအစဉ်များနှင့် ပတ်သက်သည့် အထောက်အထားများကို ငြင်းဆိုခြင်းမရှိခဲ့သလို တကယ်တမ်းမှာတော့ သွယ်ဝိုက်ပြီး လက်ခံထားခဲ့ပါတယ်။


၁၇။  မြန်မာနိုင်ငံသည် “အရေးကြီးသော သက်သေအထောက်အထားများကို ရှောင်လွဲသွားခဲ့သည်” ဟု ဂမ်ဘီယာနိုင်ငံက ပြောကြားခဲ့ပါတယ်။ အဆိုပါ “အရေးကြီးသော အထောက် အထားများ” ကို ကြားဖြတ်စီမံ ဆောင် ရွက်ချက်များကြားနာမှုတွင် ဂမ်ဘီယာအေးဂျင့်၏ အဖွင့်မိန့်ခွန်းတွင်ထည့်သွင်းခဲ့ကြောင်း ဆိုထားပါတယ်။ သို့သော်လည်း ဂမ်ဘီယာ အေးဂျင့်သည် သက်သေအဖြစ် လာရောက်တာမဟုတ်သလို ၎င်း၏ ပြောကြားချက်အား သက်သေအဖြစ် သတ်မှတ်၍မရပါ။ မည်သို့ပင်ဆိုစေကာမူ အဆိုပါအဖွင့်ပြောကြားချက် များသည် ဂမ်ဘီယာ၊ OIC နှင့် ယင်း၏ အခြားအဖွဲ့ဝင်နိုင်ငံများအကြား ဤအမှုကိစ္စကို ရှေ့ရှုဆောင်ရွက်မှု များနှင့် စပ်လျဉ်း၍ နောက်ထပ်သီးခြားအကြောင်းအရာများကို ဖော်ပြနိုင်ခြင်းမရှိပါ။ OIC ကိုယ်စားလှယ် အဖွဲ့၏ အဖွဲ့ဝင်အနေဖြင့် ၂၀၁၈ ခုနှစ် အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းများသို့ ဂမ်ဘီယာအေးဂျင့်က သွားရောက်ခဲ့သည့် ခရီးစဉ်ကို ဖော်ပြခြင်းမျှသာဖြစ်ပါတယ်။


၁၈။  ဂမ်ဘီယာမှ ထုတ်ဖော်ထားသော အခြား "အရေးကြီးသောအထောက်အထား" မှာ အထွေထွေညီလာခံသို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဂမ်ဘီယာသမ္မတ ပြောကြားခဲ့သည့် မိန့်ခွန်းနှင့်  ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်စွဲပါ သံတမန်စာ (Note Verbale) တို့ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံက ဒီအထောက် အထားသည် ဂမ်ဘီယာ နိုင်ငံဟာ သူကိုယ်တိုင် အရေးယူဆောင်ရွက်ခဲ့တာတွေ၊ ကိုယ့်အမည်နဲ့ကိုယ် ဆောင်ရွက်ခဲ့ပြီး မိမိဆန္ဒအလျောက် လုပ်ဆောင်ခဲ့တာကို ပြသနေတယ်လို့ ငြင်းဆိုနေပုံရပါတယ်။


၁၉။  သို့သော် ထိုအချက်သည် အရေးမပါလှပါ။ နိုင်ငံတစ်နိုင်ငံသည် တတိယအဖွဲ့အစည်း၏ ကိုယ်စား proxy အဖြစ် ဆောင်ရွက်သည့်ကိစ္စများတွင် proxy သည် ပုံမှန်အားဖြင့် သက်ဆိုင်ရာ လုပ်ငန်းရပ်များကို ၎င်း၏ အမည်ဖြင့် ၎င်းကိုယ်တိုင်လုပ်ဆောင်မည်ဖြစ်ပြီး လုပ်ရမည့် လမ်းကြောင်းအတိုင်း မိမိဆန္ဒနဲ့ လုပ်ဆောင် သွားမည်ဖြစ်ပါတယ်။ ၎င်း၏ proxy အဖြစ် တတိယအဖွဲ့အစည်းကိုယ်စား မိမိဆန္ဒအလျောက် လုပ်ဆောင်ရန် အကြောင်းပြချက်များစွာ ရှိနိုင်သော်လည်း ဂမ်ဘီယာက ပြောသည့်အတိုင်း စိတ်ဆန္ဒ လှုံ့ဆော်မှုသည် တရားစီရင် ပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့် မသက်ဆိုင်ပါ။ ထို့ကြောင့် လျှောက်ထားသူ နိုင်ငံသည် ၎င်း၏ အမည်ဖြင့် ဆန္ဒအလျောက် ဆောင်ရွက်ပေးနေခြင်း ရှိ-မရှိမေးရန်မဟုတ်ပါ။ မေးစရာမှာ ၎င်းသည် ၎င်း၏ကိုယ်ပိုင်အမည်ဖြင့် လုပ်ဆောင်နေ သော ဆန္ဒအလျောက် လုပ်ဆောင်မှုများသည် အမှန်တကယ်တွင် တတိယအဖွဲ့အစည်း၏ ကိုယ်စား တတိယအဖွဲ့အစည်း၏ proxy အဖြစ် ဆောင်ရွက်နေခြင်းရှိ၊ မရှိဖြစ်ပါတယ်။ သက်သေအထောက်အထားအပေါ်မူတည်ပြီး အချက်အလက်မေးခွန်းကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။


၂၀။  အတိုချုံးပြောရရင် ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ် လျှောက်လဲချက်မှာ ဘာမှ ထူးထူးခြားခြား မတင်သွင်းနိုင်ပါဘူး။ ပြီးခဲ့သည့်အကြိမ်က တရားရုံးသို့ တင်သွင်းခဲ့သည့် အချက်အလက်များအတိုင်းပဲ ရှိနေပါတယ်။


၂၁။  ဂမ်ဘီယာနိုင်ငံရဲ့ ပြောကြားချက်နဲ့ ဆန့်ကျင်ပြီး ၎င်းတို့အနေနဲ့ အခြားမှ အထောက်အပံ့ရ ယူပြီး တရားလိုဖြစ်ချင်ရုံ အကြောင်းပြချက်တစ်ခုနဲ့ ဒီကိစ္စဟာ မြန်မာရဲ့အမှု မဟုတ်ပါဘူး။ မြန်မာနိုင်ငံက ယခင်ကတည်း ကတင်ပြထားသည့် အခြေအနေအကြောင်းအရာများ ကြောင့် OIC က သာ တရားလိုအမှန် စင်စစ် ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားလိုပါတယ်။ အသေးစိတ်တွေ ထပ်မပြောတော့ပါဘူး။ သက်သေ အထောက်အထားတွေအရ အစ္စလာမ္မစ် ထိပ်သီးအစည်း အဝေးမှာ OIC ကိုယ်စား OIC ကော်မတီက အမှုတင်သွင်းပေးဖို့ ဆုံးဖြတ် ခဲ့ပြီးနောက် OIC ရဲ့ နိုင်ငံခြားရေး ဝန်ကြီးများကောင်စီ သီးခြားကော်မတီက ဖွဲ့စည်းခဲ့တဲ့ OIC ကော်မတီက ယခုအမှု တင်သွင်းဖို့ အဆိုပြုခဲ့ပါတယ်။ အဲ့ဒီနောက် OIC မှ ဂမ်ဘီယာနိုင်ငံ အနေနဲ့ တရားလိုနိုင်ငံအဖြစ် ဆောင်ရွက်ပေးနိုင်ရေး အဆိုပြုပြောကြား ခဲ့ပြီး ဂမ်ဘီယာနိုင်ငံမှလည်း သဘောတူ လက်ခံခဲ့ပါတယ်။ ဒီဟာက OIC က ဂမ်ဘီယာကို ကူညီတာထက် ဂမ်ဘီယာက OIC ကို ပံ့ပိုးကူညီတာထက်နဲ့ ပိုတူပါတယ်။


၂၂။   ဥပဒေကြောင်းပြဿနာနဲ့ ပတ်သက်တဲ့ အချက်ကို ရှင်းလင်းသွားပါမယ်။ တတိယနိုင်ငံ အဖွဲ့အစည်းကို ကိုယ်စားပြု တရားစွဲဆိုပေးသည့်နိုင်ငံ (proxy States) ကိစ္စမျိုး အရင်က ပေါ်ပေါက်ခဲ့တာ မျိုးမရှိသေးပါဘူး။ အချက် (၂) ချက်နဲ့ ဖြေကြားသွားပါမယ်။


၂၃။  ပထမအချက်အနေနဲ့ ဂမ်ဘီယာ၏ ပြောကြားချက်နဲ့ဆန့်ကျင်ပြီး တရားရုံးဥပဒေရဲ့ အပိုဒ် ၃၅၊ အပိုဒ်ခွဲ ၁ ဟာ မြန်မာနိုင်ငံ၏ လျှောက်ထားမှုကို အလဲထိုးစေနိုင်သည့် အချက်မရှိပါဘူး။ ၎င်းအပိုဒ်သည် မြန်မာနိုင်ငံ၏ လျှောက်ထားချက်အပေါ် သက်ရောက်မှု လုံးလုံး လျားလျား မရှိပါဘူး။


၂၄။ ဒီပြဋ္ဌာန်းချက်က တရားရုံးအနေနဲ့ လက်ရှိတည်ဆဲစာချုပ်ဝင်နိုင်ငံများ အားလုံးကို ဖွင့်ပေးထားသည်လို့ဘဲ ပါပါတယ်။


၂၅။   အခြားကိစ္စများမှလွဲပြီး ဒီအချက်သည် အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ Statute အပိုဒ် ၃၄၊ အပိုဒ်ခွဲ ၁ ပါ တရားရုံးရှေ့မှောက်သို့ ရောက်ရှိလာသောအမှုများတွင် အမှုရင်ဆိုင်ကြသူများ မှာ နိုင်ငံများသာလျှင်ဖြစ် တယ်ဆိုတဲ့ အချက်ကို ဘယ်လိုနည်းနဲ့မှ အရည်အချင်းပြည့်မီခြင်း သို့မဟုတ် ခြွင်းချက်တစ်ခု ဖန်တီးနိုင်ခြင်း မရှိပါဘူး။ အပိုဒ် ၃၅၊ အပိုဒ်ခွဲ ၁ မှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ သို့မဟုတ် အခြားသော နိုင်ငံမဟုတ်သည့် အဖွဲ့ အစည်းများမှ ရုံးတော်တွင် အမှုလျှောက်ထားနိုင်ကြောင်း မညွှန်းဆိုထားပါဘူး။ ဒါ့အပြင်  အပိုဒ် ၃၅၊ အပိုဒ်ခွဲ ၁ ပါ တရားရုံးက ပြဋ္ဌာန်းထားတဲ့ ဉပဒေအရ အဖွဲ့ဝင်နိုင်ငံဖြစ်ရုံနဲ့ တင်သွင်းလာတဲ့ ဘယ်အမှုကိုမဆို လက်ခံစီရင်နိုင်တယ်လို့ မဆိုလိုပါဘူး။


၂၆။     အပိုဒ် ၃၄၊ အပိုဒ်ခွဲ ၁ နဲ့ ပတ်သက်ပြီး အရင်က တင်ပြခဲ့တဲ့အချက်များသည် အပုဒ် ၃၅၊ အပိုဒ်ခွဲ ၁ ကို အတူတူ အကျုံးဝင်ပြီး နောက်ဆုံးပြဋ္ဌာန်းချက်သည် ပို၍ ပြဋ္ဌာန်း ဖော်ပြခြင်းမရှိပါဘူး။ ဂမ်ဘီယာနိုင်ငံက အခုအမှုနဲ့ပတ်သက်ပြီး ကိုးကားတဲ့ ပညာရပ် ဆိုင်ရာစာသားများသည် တရားရုံးရှေ့မှောက်ရှိတဲ့ ကိစ္စရပ်ကို ဖြေရှင်းမှုမရှိဘဲ  မြန်မာ နိုင်ငံရဲ့ တင်ပြချက်တွေနဲ့လည်း ကိုက်ညီမှု မရှိပါဘူး။


၂၇။     ဒုတိယအချက်အနေနဲ့ ဂမ်ဘီယာနိုင်ငံဟာ တစ်ချက်က နိုင်ငံတစ်နိုင်ငံရဲ့ တရားစွဲဆို လိုတဲ့ အရင်းခံအကြောင်း တရားဆိုတဲ့အချက်နဲ့ တရားလိုနိုင်ငံအနေနဲ့ အခြားတစ်နိုင်ငံ သို့မဟုတ် အဖွဲ့အစည်း ကိုယ်စား အမှုတင်သွင်းခြင်း ရှိ-မရှိ မေးခွန်းစတဲ့ မတူညီတဲ့ ကိစ္စနှစ်ခု ပေါင်းထားပါတယ်။ ဂမ်ဘီယာနိုင်ငံက တရားလိုအနေနဲ့ အခြားတစ်နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းက အမှုတင်သွင်းချင်လို့ အမှုတင်သွင်းခဲ့ တယ်ဆိုရင်တောင် ဒီလို လုပ်တာက တရားလိုနိုင်ငံရဲ့ ဆောင်ရွက်လိုတဲ့ စေ့ဆော်မှုသာဖြစ်ပြီး ဒီစေ့ဆော်မှုဟာ တရားစီရင် ပိုင်ခွင့်နဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုထားပါတယ်။ ဒီလိုပြောကြားမှုဟာ မမှန်ပါဘူး။ နိုင်ငံများ သို့မဟုတ် အမှုတင်သွင်းနိုင်ခြင်းမရှိတဲ့ အဖွဲ့အစည်းများကိုယ်စား အမှုတင်သွင်းသည့် နိုင်ငံ (Proxy states) အသုံးပြု၍ အမှုတင်သွင်းခြင်းသည် အပြန်အလှန် အကျိုးရှိမှုက ရိုးဖြောင့်မှုနဲ့ ထိရောက်မှုဆိုင်ရာ စည်းမျဉ်းများနဲ့ ဆန့်ကျင်ဘက် ဖြစ်နေ တယ်ဆိုတာကို ပြောကြားပြီးဖြစ်တဲ့အတွက် ကျွန်တော်အနေနဲ့ လျှောက်လဲပြီး အချက်များကို ထပ်ခါတလဲလဲ ပြောကြားမှာမဟုတ်ပါဘူး။ တတိယအဖွဲ့အစည်းတစ်ခု ကိုယ်စား အမှုတင်သွင်း ခြင်းဟာ စေ့ဆော်မှုသည် စီရင်ပိုင်ခွင့်အတွက် သက်ဆိုင်မှုမရှိဘူး ဆိုသည့် စည်းမျဉ်းကို ကောင်းကောင်း ကျော်လွန်သည့် စည်းမျဉ်းနှင့် ကိစ္စများကို ထိတွေ့စေပါသည်။ ဒီသိသာထင်ရှားမှုသည် “အတုအပ” မှ ဝေးကွာပါတယ်။


ကနဦး ကန့်ကွက်လွှာ စတုတ္ထအချက်


ဥက္ကဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများခင်ဗျာ -


၂၈။    ကနဦး ကန့်ကွက်လွှာ စတုတ္ထအချက်ကို ဆက်လက် တင်ပြလျှောက်လဲသွားပါမယ်။


၂၉။    ဥပဒေ အခြေခံစည်းမျဉ်းများနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက စာနဲ့ပေးပို့ထားတဲ့ ကနဉီး ကန့်ကွက်လွှာမှာ ဖော်ပြထားတဲ့ ဘယ်အချက်ကိုမှ မပစ်ပယ်ထားပါဘူး။


 ၃၀။    စီရင်တွဲ ဥပဒေမှာပါတဲ့ အငြင်းပွားမှုနဲ့ပတ်သက်တဲ့ ကျွန်တော်မှတ်သားရတဲ့ အဓိပ္ပာယ်ဖွင့် ဆိုချက်အချို့က အမှန်တကယ်က အငြင်းပွားမှု ရှိ-မရှိ ဆုံးဖြတ်ရန် သက်ဆိုင်မည့် အခြေခံမူများက အနည်းငယ် ကျယ်ပြန့်လွန်းပါတယ်။ မှန်ကန်သော အခြေခံမူများဟာ ရေးသားတင်ပြချက်များနဲ့ နှုတ်နဲ့လျှောက်လဲ ချက်များတွင် ပါပြီးဖြစ်တယ်လို့ မြန်မာက အတည်ပြုပါတယ်။ ကျွန်တော်အနေနဲ့ တရားလိုနဲ့တရားပြိုင် နှစ်ဖက်လုံး အနေနဲ့ တစ်ဘက်စီရဲ့ ရပ်တည်ချက်ကို အရင်သိအောင်လုပ်ရန်လိုအပ်ချက်ရှိရမည်ဟု Marshall Islands အမှုနဲ့ ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ ဂမ်ဘီယာရဲ့ စွပ်စွဲတာနဲ့မတူစွာ  တရားရုံး ရှေ့မှောက်အမှု တင်သွင်းတဲ့အပေါ်  အထက်ပါလိုအပ်ချက်က တရားပြိုင်ကို “silent veto” ပေးမထားပါဘူးဆိုတာကို ကျွန်တော်အနေနဲ့ ရှင်းပြပြီးဖြစ်ပါတယ်။


၃၁။    ဂမ်ဘီယာပြောသလို ကျွန်တော်အနေနဲ့ တရားယှဉ်ပြိုင်ဘက်တွေဟာ တရားရုံး ရှေ့မှောက် အမှုမတင် သွင်းမီ ကြိုတင်ညှိနှိုင်းရမယ်လို့ မပြောခဲ့ပါဘူး။ တရားယှဉ် ပြိုင်ဘက်တွေဟာ တစ်ဘက်ရဲ့ ရပ်တည်ချက်ကို တစ်ဘက်မှ သိပြီးသားဖြစ်နေရမယ်လို့သာ ပြောခဲ့ခြင်းဖြစ်ပါ တယ်။ နှစ်ဖက်အကြား ညှိနှိုင်းဆွေးနွေး ခြင်းမလုပ်ဘဲ ဆန့်ကျင်နေတဲ့ ရပ်တည်ချက်ကို သိနိုင်ပါတယ်။ ဒါက ဖြစ်ရိုးဖြစ်စဉ် အခြေအနေတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ တရားရုံးသို့မရောက်မီ တရားယှဉ်ပြိုင်ဘက်တွေအကြား ခင်မင်ရင်းနှီးစွာ ဖြေရှင်း နိုင်ရေး ကြိုးပမ်းကြရမယ်လို့ မပြောခဲ့ပါဘူး။ ယင်းအစား တရားရုံးဟာ အငြင်းပွားမှုများကို တိုက်ရိုက်နဲ့ ကောင်းမွန်စွာ ဖြေရှင်းနိုင်တဲ့ ရွေးချယ်စရာ အခြားနည်းလမ်း တစ်ခုဖြစ်တယ် လို့သာပြောခဲ့ပါတယ်။ ခင်မင်ရင်းနှီးစွာ ဖြေရှင်းနိုင်တဲ့ အငြင်းပွားမှုဖြစ်နိုင်တာကလွဲပြီး တရားစွဲဆိုနိုင်ဖို့ ရည်ရွယ်ချက်များအတွက် အငြင်းပွားမှုဆိုတာရှိမှာမဟုတ်ပါ။ ဒီအကြောင်း အချက်တွေကြောင့် တရားလိုနဲ့တရားပြိုင် နှစ်ဖက်လုံးမှ တစ်ဘက်စီရဲ့အမြင်ကို အရင်သိရှိရန် လိုအပ်ပါတယ်။


၃၂။     ဂမ်ဘီယာနိုင်ငံရဲ့ ထင်မြင်ချက်နဲ့မတူစွာ ကျွန်တော်အနေနဲ့ တရားလိုဟာ ၎င်းရဲ့ စွပ်စွဲချက်ကို အမှုလျှောက်လွှာ (မူကြမ်း) မျှဝေတာလိုမျိုး အသေးစိတ် ရှင်းရှင်းလင်းလင်း တရားပြိုင်ဖြစ်လာဖွယ်ရှိသူကို ထုတ်ဖော်ပြောဆိုရမယ်လို့ မပြောခဲ့ပါဘူး။ တကယ်က အနိမ့်ဆုံး အချက်အလက်တွေ ရှိဖို့လိုအပ်တယ်လို့သာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။


၃၃။    ဂမ်ဘီယာနိုင်ငံက ထင်မြင်ချက်နဲ့ ဆန့်ကျင်ပြီး the Court’s case law မှာ တရားပြိုင် အနေနဲ့ တုံ့ပြန်မှုတစ်စုံတစ်ရာမပြုလုပ်ဘဲ တိတ်ဆိတ်နေခြင်းဟာ ဘယ်အချိန် အတိုင်း အတာအထိ ထင်ရှားစွာ ဆန့်ကျင်နေတယ်လို့ သတ်မှတ်ရန်အချက် မဖော်ပြထား ပါဘူး။  တုံ့ပြန်ဖြေကြားဖို့တောင်းဆိုခြင်း ရှိ-မရှိ မေးခွန်း အနေနဲ့ကတော့ ကိစ္စတစ်ခုချင်း စီအပေါ် မူတည်ပြီး ဆောင်ရွက်သွားရမယ်ဆိုတာ ရှင်းပါတယ်။ ကျွန်တော်အနေနဲ့ မြန်မာနိုင်ငံဟာ တုံ့ပြန်ဖြေကြားဖို့ အချိန်အကန့်အသတ်မရှိ ရခွင့်ရှိတယ်လို့မဆိုလိုပါ ဘူး။ အဲ့ဒီသံတမန်စာက တုံ့ပြန်ဖြေကြားဖို့ မတောင်းဆိုခဲ့ဘူး၊ တကယ်လို့ တောင်းဆိုခဲ့ တယ်ဆိုရင်တောင် မြန်မာနိုင်ငံဘက်မှ ပြန်လည် ဖြေကြားဖို့ လုံလောက်တဲ့အချိန်က (၁) လထက်တော့ ကျော်ပါလိမ့်မယ်။


၃၄။    ရှေ့မှာ စာနဲ့ရော နှုတ်နဲ့လျှောက်လဲချက်မှာရော အကြောင်းပြချက်များနဲ့ ရှင်းပြထားတဲ့ အတိုင်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်တွင် ပေးပို့ခဲ့သော သံတမန်စာမှလွဲပြီး ဂမ်ဘီယာက ဆောင်ရွက်ခဲ့တဲ့ ကိစ္စများဟာ အငြင်းပွားမှုဖြစ်ပေါ် စေရန် လုပ်ဆောင် ချက်များဟု ဆိုနိုင်မည်မဟုတ်ပါ။


၃၅။    သံတမန်စာ (Note Verbale) မှာ ဘာအချက်မှ ဖော်ပြမထားတာ အမှန်အကန်ပင် ဖြစ်ပါတယ်။ အဲ့ဒီ သံတမန်စာမှာ FFM အစီရင်ခံစာနဲ့ အိုအိုင်စီရဲ့ အဆိုဆုံးဖြတ်ချက်ပါ အချက်အလက်များ ကိုသာ ကိုးကားဖော်ပြ ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဂမ်ဘီယာ အနေနဲ့ FFM အစီရင်ခံစာမှာ ပါသော မူလသက်သေ အထောက်အထားတွေကို ပံ့ပိုးပေးခဲ့တဲ့ မျက်မြင်သက်သေအဖြစ် ဖြေကြားပေးခဲ့သူများနဲ့ တွေ့ဆုံနိုင်ခဲ့ တယ်ဆိုတဲ့ အချက်မရှိတာ လဲအမှန်အကန်ဖြစ်ပါတယ်။ စာနဲ့ရော နှုတ်နဲ့ လျှောက်လဲချက်တွေမှာ ရှင်းပြပြီး ဖြစ်တဲ့ အတွက် ဒီသံတမန်စာက တုံ့ပြန်ဖြေကြားချက်ပေးရန် တရားဝင်တောင်းဆိုမှု မဟုတ်ပါ။


၃၆။  ဂမ်ဘီယာနိုင်ငံမှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်စွဲဖြင့် သံတမန်စာကို မပေးပို့မီ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကြေညာ ခဲ့တာဟာ ဒီတရားရုံးရှေ့မှောက်မှာ အမှုတင်သွင်းရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး သံတမန်စာ ဟာ ကြိုတင်အငြင်းပွားမှု လိုအပ်ချက်အဖြစ် ထည့်သွင်း စဉ်းစားသင့်တယ်လို့ မဆိုလိုပါ ဘူး။ ဂမ်ဘီယာနိုင်ငံက အမှန်တကယ် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်မှာ တရားရုံးရှေ့မှောက် ဒီအမှုကို တင်သွင်းရန် ရည်ရွယ်ကြောင်း လူသိရှင်ကြား တစ်ကြိမ် ကြေညာခဲ့ပါတယ်။ အဲ့ဒီအချက်ကို သံတမန်စာမှာ ထည့်သွင်းဖော်ပြရန် ပျက်ကွက်ခဲ့မှုဟာ ဥပဒေကြောင်းအရ တောင်းဆိုတဲ့ စာတမ်းအမှတ်အသားမဟုတ်ဘူးဆိုတာကို ပိုမိုခိုင်မာစွာ ကောက်ချက်ချနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ လ ၂၆ ရက် နောက်ပိုင်းမှာ  သံတမန်စာက ဥပဒေကြောင်းအရ တောင်းဆိုမှုတစ်ခုအဖြစ် တရားရုံးရှေ့သို့အမှု တင်သွင်းရန် ရည်ရွယ်ချက်ကို ညွှန်းဆိုနိုင်မယ်လို့ မျှော်လင့်ချက်ကြီးကြီးမားမား ရှိခဲ့ပါလိမ့်မယ်။ 


ဥက္ကဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများခင်ဗျာ -

၃၇။    ဒီမှာ ကျွန်တော်ရဲ့ မြန်မာနိုင်ငံ ကနဦးကန့်ကွက်လွာရဲ့ ပထမနဲ့ စတုတ္ထ ကန့်ကွက်ချက် ပြီးဆုံးပြီ ဖြစ်ပါတယ်။ Professor Talmon မှ ဒုတိယကန့်ကွက်ချက် တင်သွင်းသွားနိုင် ရေးအတွက် ဖိတ်ခေါ်ပါတယ်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)