ညောင်ဦးမြို့နယ် မြောင်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့မှ အစားအစာ၊ အဝတ်အထည်နှင့် ဆေးဝါးများလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် မြောင်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့မှ အစားအစာ၊ အဝတ်အထည်နှင့် ဆေးဝါးများလှူဒါန်း


MNP - ဖေဖော်ဝါရီ    ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကြအိုကျေးရွာအုပ်စု ၊မြောင်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများအတွက် ညောင်ဦးမြို့ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့မှ အများပြည်သူလှူဒါန်းသည့် အစားအစာ၊ အဝတ်အထည်နှင့် ဆေးဝါးများအား မြောင်ကျေးရွာသို့ ယမန်နေ့ ညနေ ၃နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်  မြောင်ကျေးရွာ၌ ဖေဖော်ဝါရီ ၂၁ရက်၊ နံနက် ၁၀နာရီ ၁၀မိနစ်အ ချိန်က လောင်ကျွမ်းခဲ့သည့်မီးကြောင့် အိမ်ထောင်စု ၆၆စု မီးဘေးသင့်ခဲ့ရာ ညောင်ဦးမြို့ နယ်၊ အမှတ်(၅)အရန်မီးသတ်သို့ အများပြည်သူလှူဒါန်းထားသည့် အသုံးအဆောင် ပစ္စည်းများအား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု ၆၆စု၊ လူဦးရေ ၂၅၂ ဦးအတွက် အဝတ်အထည် အထုပ်(၂၈၀)ထုပ်၊ ဝါးအလုံးရေ (၁၇၅၀) လုံး၊ခေါက်ဆွဲခြောက်အထုပ်သေး( ၂၁၀)ထုပ်၊ ပုန်းရည်ကြီး (၇၀)ထုပ်၊ ဆန်တစ်တင်းခွဲ (၆)အိတ်၊ စောင်အထည်(၇၀)၊ မျက်နှာသုတ်ပဝါ (၇၀)၊ ခြင်ထောင်(၂၄)လုံး၊ အိုးခွက်ပုဂံ (၁၅၆)လုံး၊ လုံချည်(၄၅၀)ကွင်းအား သွားရောက်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။ဝါးများအား တစ်အိမ်ထောင်(၂၅)လုံးခွဲဝေလှူဒါန်းပေးခဲ့ကြောင်း၊ အများပြည်သူစုပေါင်းလှူဒါန်းသည့် အိမ်အသုံးအဆောင် ပစ္စည်းများအား အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့မှ လုပ်အားဒါနအဖြစ် ဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း လည်း အမှတ်(၅)အရန်မီးသတ် တပ်ဖွဲ့ ဦးဖိုးသားကပြောကြား၍ သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)