ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ






MNP - ဖေဖော်ဝါရီ   ၁

ပရိယတ္တိ၊ ပဋိပတ္တိ ဓူရနှစ်ဖြာနှင့်ပြည့်စုံသော ရဟန်း၊သာမဏေ၊သီလရှင်နှင့်လူပုဂ္ဂိုလ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းနေစေရေး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ခေမာရာမကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တသောပါက အမှူးပြုသော အထူးပင့်သံဃာတော်များ နှင့် စာအောင်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက် ကြည်ညို၍ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ထူးမခြားနား ဘုရားရောင် တော်ဖွင့်ဓမ္မတေးသီချင်းကို တီးခတ်သီဆိုပူဇော်၍ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ခေမာရာမကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသောပါကထံမှ ငါးပါး သီလခံယူဆောက်တည်ကြကာ ပြည်နယ်ဝန်ကြီး ချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က သံဃာ တော်အရှင်သူမြတ်များ ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများက အထူးပင့်သံဃာတော်အရှင်သူမြတ် များအား လှူဖွယ် ဝတ္ထုပစ္စည်းများနှင့်နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ စာအောင်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား အောင်လက်မှတ်နှင့် စာအောင်ဆု အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယနေ့ကျင်းပသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၂၁ ခုနှစ်၊ စာမေးပွဲအောင်မြင်တော်မူ ကြသော နိကာယ်စာမေးပွဲတွင် ဝိနယဝိဒူဘွဲ့ရ(၃)ပါး၊ အင်္ဂုတ္တရနိကာယဝိဒူဘွဲ့ရ(၂)ပါး၊ အဘိဓမ္မာ ဝိဒူ(၁)ဘွဲ့ရ (၁)ပါး၊ သာသနဓဇဓမ္မာစရိယဘွဲ့ရ(၈)ပါး၊ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း (၉)ပါး၊ ပထမလတ်တန်း(၁၅)ပါး၊ ပထမငယ်တန်း(၂၉)ပါး၊ အခြေပြု မူလတန်း(၁၀၃)ပါး စုစုပေါင်း စာအောင်သံဃာ၊သီလရှင်၊လူပုဂ္ဂိုလ် (၁၇၀)ပါးတို့အား စာအောင်ဆုများချီးမြှင့်ခဲ့ကြောင်း သိရ သည်။

ယင်းနောက် တေးသံရှင်လင်္ကာရည်ရည်ခိုင်က စာအောင်သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ပြု တေးထပ်ဖြင့် သီဆိုပူဇော်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ခေမာရာမကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသောပါကထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)