ကရသူရိမြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအားSinopharm ကိုဗစ်-၁၉ရောဂါကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရသူရိမြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအားSinopharm ကိုဗစ်-၁၉ရောဂါကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေး



MNP - ဖေဖော်ဝါရီ    ၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Sinopharm ကိုဗစ်-၁၉ရောဂါကွယ်ဆေးဒုတိယအကြိမ်ထိုးနှံခြင်းကို ဇန်နဝါရီ လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဟန်ကချင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

Sinopharm   ကိုဗစ်-၁၉ရောဂါကွယ်ဆေးကို အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊  ပထမအကြိမ်ထိုးနှံပြီး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသူများအား   ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးထိုးနှံခြင်း၊ ပထမအကြိမ် မထိုးနှံရသေးသူများနှင့် ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိနေသူများကိုလည်း မြို့ကျန်းမာရေး ဝန်ထမ်းများနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများက ကွင်းဆင်းဆောင်ရွက်ထိုးနှံပေးခြင်းဖြစ်ကြောင်း အဆိုပါဆောင်ရွက်ရာ၌ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ဒေသခံပြည်သူများအား လတ်တလောကူးစက်မှုပြန့်ပွားနေသည့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကိုဗစ်-၁၉ရောဂါ အကြောင်းနှင့် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ပညာပေးပြောကြားခဲ့ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)