ဟင်္သာတခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ပြုလုပ်ကျင်းပ

 


MNP - ဖေဖော်ဝါရီ     ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက “ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ယခုအချိန်တွင် ပြန်လည်စတင် တွေ့ရှိနေပြီဖြစ်ကြောင်း မိမိတို့ခရိုင် မိမိတို့ မြို့နယ်များအတွင်း ခရီးသွားပြန်လာသူများတွင် စတင်တွေ့ရှိရပြီး ၎င်းတို့နှင့်ထိစပ်သူများ ပါရှိလာသဖြင့် စိုးရိမ်စရာအခြေအနေ ရှိလာပြီဖြစ်ကြောင်း ၎င်းကောင်းရောဂါ ထပ်မံကူးစက်ဖြစ်ပွားမှု မရှိစေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ အမြန်ဆုံးကြိုတင်ကာကွယ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စုပေါင်းဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုပါကြောင်း ကျောင်းများ၊ ဈေးများ၊ ရပ်ကွက် ကျေးရွာများ၌လည်း ကိုဗစ်စည်းကမ်းနှင့်အညီ နေထိုင်သွားလာကြစေရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှ ကြပ်မတ်ဆောင်ရွက်သွားစေလိုကြောင်း လူစုလူဝေးများ၊ ပွဲလမ်းသဘင်များကိုလည်း ကိုဗစ်စည်းကမ်းနှင့်အညီ ပြုလုပ်ကြရန် အသိပေးပြောကြားစေလိုကြောင်း” စသည်တို့ကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက်သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုအပ်သည်များကို အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ဟင်္သာတခရိုင်အတွင်း (၆)မြို့နယ်မှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌများ၊ ခရိုင်အဆင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း - ကိုဇော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)