တောင်ကုတ်မြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Sinopherm)အားထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Sinopherm)အားထိုးနှံပေးလျက်ရှိ





MNP ၊ ဖေဖော်ဝါရီ‌ ၁၀

ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နယ် ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု၊ရောဂါကြောင့် သေဆုံးမှု၊ ရောဂါကူးစက်ခံရမှုများ လျော့နည်းစေရန်   ရည် ရွယ်၍ ၊  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး အစီ အစဉ်များအရကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်  ၉ နာရီအချိန် က ဌာနဆိုင်ရာဝန်ထမ်း

 များမှ ပညာရေးဝန်ထမ်းများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးCovodshied နှစ်ကြိမ်ထိုးနှံပြီးသူအား ထပ်ဆောင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ( Sinopherm) အားတောင်ကုတ်ဆေးရုံဟောင်းခန်း မ၌ထိုးနှံပေးလျက် ရှိ ကြောင်းသိရသည်။

       

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံရာတွင် တောင်ကုတ်မြို့နယ်အတွင်း မှ Covidshied  ထိုးနှံထားသူပညာရေးဝန်ထမ်း (၈၄၂) ဦး အားထပ်ဆောင်း ကိုဗစ် -၁၉ ကာကွယ်‌ဆေးများထိုးနှံပေးလျက် ရှိသည်။


ထိုသို့ တောင်ကုတ်မြို့ပေါ်တွင်ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံထားသူမြို့ပေါ်ရပ်ကွက် (၄)ခု ၌ ကာကွယ်ဆေးအကြိမ်ရေပြည့်မှီအောင်ထိုးနှံထားသူ ကံပိုင်ရပ်ကွက် ၌ (၉၂၅) ဦး၊  ချောင်းကောက်ရပ် ကွက် ၌ (၁၀၇၅)ဦး၊ ဂူတာရပ်ကွက်မှ (၈၅၀)ဦးနှင့် သိမ်တောင်ရပ်ကွက် ၌ (၆၄၁)ဦးစုစုပေါင်း(၃၄၉၁) ဦးအနက် မြို့ပေါ်( ၄)ရပ်ကွက် ၌လာရောက်၍ထပ် ဆောင်းထိုးနှံထားသူ (၃၂၄၅)ဦး ရှိပြီးတောင်ကုတ် မြို့နယ်အတွင်းမှပညာရေးဝန်ထမ်းများအားဆက် လက်ထိုးနှံပေးလျက်ရှိပြီး၎င်းအား  မြို့ နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှူးဒေါက် တာလှထွန်းဇော် မှ အနီးကပ်ကြီးကြပ်ကာကျန်းမာ ရေးဝန်ထမ်းများကကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးသတ်မှတ် စည်းကမ်းများ နှင့်အညီထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများအား ဆောင် ရွက်ပေး လျက်ရှိကြောင်းသိရသည်။


သတင်း - စန်းဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)