ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ အကြမ်းဖက် ဖောက်ခွဲ တိုက်ခိုက်ရန် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ NLD အစွန်းရောက် PDFအကြမ်းဖက်သမားများ သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ အကြမ်းဖက် ဖောက်ခွဲ တိုက်ခိုက်ရန် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ NLD အစွန်းရောက် PDFအကြမ်းဖက်သမားများ သေဆုံး


MNP ၊ ဖေဖော်ဝါရီ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ရန် လက်လုပ်မိုင်း ထောင်နေ စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ NLD အစွန်းရောက် PDFအကြမ်းဖက်သမား အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂) ရပ်ကွက်၊ ၇၃ လမ်းနှင့် ၁၀၇ လမ်းထောင့်၌ အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိ လာပြီး အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ရန် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လက်လုပ် မိုင်းပေါက်ကွဲမှုကြောင့် အကြမ်းဖက်သမား ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းနှင့် ၎င်းတို့အနီးမှ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၉ မမ ကျည်ဆံ ၁၄ တောင့်၊ လက်လုပ်မိုင်း ၂ လုံးတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့နံနက် ၅ နာရီ ခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့် ရပ်ကွက်၊ ရတနာပုံ တက္ကသိုလ် မီးပွိုင့်အနီး ၇၈ လမ်းအတိုင်း တောင်မှ မြောက်သို့ အကြမ်းဖက်သူ အမျိုးသား ၁ ဦးက လက်လုပ် မိုင်းအား ဆိုင်ကယ် တူးဘောက်စ် အတွင်း ထည့်၍ မောင်းနှင် လာစဉ် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ဖြစ်ပြီး လက်လုပ်မိုင်း ပေါက်ကွဲ မှုကြောင့် ၎င်း အမျိုးသားတွင် ခန္ဓာကိုယ် အောက်ပိုင်း ပြတ်ထွက် ဒဏ်ရာ ရရှိကာ အခင်း ဖြစ်နေရာ၌ သေဆုံး သွားခဲ့ကြောင်း သိရသည်။

အထက်ပါပေါက်ကွဲမှုဖြစ်စဉ်များမှ သေဆုံးသူများအား ရဲလုပ်ငန်းစဉ်များနှင့်အညီ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)