တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇော်အေးမောင်ထံ အိတ်ဖွင့်ပေးစာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇော်အေးမောင်ထံ အိတ်ဖွင့်ပေးစာ



လေးစားရပါသော ဝန်ကြီးခင်ဗျာ -

လူမှုကွန်ရက်စာမျက်နှာများမှာ ဘန်ကောက်မြို့၊ ဖလန့်စောင်တွင် နေထိုင်သူ ရခိုင်လူငယ်တစ်ဦးအား အလုပ်သမား ကူညီစောင့်ရှောက်ရေး (AAC) အမည်ခံ NUG အစွန်းရောက် အကြမ်းဖက်အဖွဲ့အတွက် ရန်ပုံငွေ ရှာဖွေပေးနေသူများက ဝိုင်းဝန်းနှိပ်စက် ထိုးကြိတ်သည့် ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါသည်။

AACအမည်ခံ၍ ခေါင်းပုံဖြတ် လူပါးဝနေသူများသည် တိုင်းရင်းသားပြည်သူအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေရန် လုပ်ဆောင်မှုအပေါ် လုံးဝသည်းခံ ခွင့်လွှတ်စရာ အကြောင်းမရှိပါ။


သတင်းများအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန့်စောင်တွင် နေထိုင်သော ရခိုင်အမျိုးသားလူငယ်တစ်ဦးအား NUGအကြမ်းဖက်အဖွဲ့ အတွက် ရန်ပုံငွေထည့်ဝင်ခြင်းမရှိဟုဆိုကာ AACအဖွဲသားများမှ လာရောက် ထိုးနက် ရိုက်နက်ခဲ့ကြောင်း၊ ဘန်ကောက်မြို့တွင် နေထိုင်သော မည်သည့်လူမျိုးမဆို မြန်မာနိုင်ငံသားများအားလုံး NUGအကြမ်းဖက်အဖွဲ့ အတွက်နဲ့ တိုက်ပွဲနေတဲ့ PDF အကြမ်းဖက်သမားတွေအတွက် ရန်ပုံငွေထည့်ရမယ် ရန်ပုံငွေထည့်ဝင်ခြင်း မရှိသည့် မြန်မာနိုင်ငံသားများအား မိမိတို့တတ်နိုင်သလောက် အရေးယူသွားမယ်ဟု AACက ကြေငြာထားကြောင်း၊ ဘန်ကောက်မြို့ဖလန့်စောင်တွင်နေထိုင်သော ရခိုင်လူငယ်တစ်ဦးဟာ NUGအကြမ်းဖက်အဖွဲ့ အတွက် ရန်ပုံငွေထည့်ဝင်ခြင်းမရှိတာကို အတူနေတဲ့ အခန်းဖော် NUGအကြမ်းဖက်အဖွဲ့ကို ထောက်ခံသူက AACအဖွဲ့ကို တိုင်တန်းလိုက်တာကြောင့် အခုလိုကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခြင်းဖြစ်ကြောင်း၊ ရခိုင်လူငယ်ဟာ NUGအကြမ်းဖက်အဖွဲ့ နဲ့ နွေဦးရဲဘော်တွေအတွက် ရန်ပုံငွေ ထည့်ဝင်ခြင်းမရှိတာကြောင့် အခုလိုရိုက်နက် ခံရတာလို့ အနီးနားမှာနေတဲ့ ရခိုင်လူမျိုးအချို့နဲ့ ထားဝယ်လူမျိုးအချို့ထံက ကြားသိရကြောင်း၊ ရိုက်နက်ခံရတဲ့ ရခိုင်လူငယ်ကို NUGနဲ့ PDF အကြမ်းဖက်သမားတွေအတွက် နောက်ထပ် ရန်ပုံငွေ ထည့်ဝင်ခြင်းမရှိပါက ထိုင်းနိုင်ငံမှာ အလုပ်လုပ်စားလို့မရအောင် လုပ်သွားမယ်လို့ အဆိုပြီး ရိုက်နက်သူများက ကြိမ်းဝါးခဲ့ကြောင်း၊ နောက်ထပ် ရန်ပုံငွေမထည့်တဲ့ ရခိုင်လူမျိုးတွေရှိရင် သူတို့ကိုတိုင်တန်းကြဖို့ အနီးအနားက မြန်မာတွေကိုပြောခဲ့တယ်လို့ သိရပါတယ်။


အများပြည်သူကောင်းကျိုးအတွက် လုပ်ဆောင်မှုဆိုပါလျှင် လက်ခံနိုင်ဖွယ်ရှိသော်လည်း ယခု ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားသော လုပ်ရပ်မှာ မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသားပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုများဖြစ်ပေါ်စေရန် ဝါဒဖြန့်လှုံ့ဆော်နေသည့် NUG အကြမ်းဖက်အဖွဲ့ အလှူငွေမထည့်ဝင်ခြင်းကြောင့် အကြမ်းဖက်အားပေးလုပ်ရပ် ဖြစ်နေသည်မှာ သိသာထင်ရှားပါသည်။


ပြည်ပရောက် မြန်မာတိုင်းရင်းသားများအနေဖြင့် တစ်ဦးနှင့် တစ်ဦး ကူညီဖေးမရမည့်အစား အကြမ်းဖက်အဖွဲ့အတွက် ငွေကြေးမထည့်ဝင်သည်ကို အကြောင်းပြု၍ တိုင်းရင်းသားပြည်သူအချင်းချင်း အမုန်းပွားအောင် လုပ်ဆောင်သူ AAC အဖွဲ့မှ အကြမ်းဖက်အားပေးများကို အမြန်ဆုံး အရေးယူဆောင်ရွက်ပေးစေလိုပါသည်။


ဝန်ကြီးအနေဖြင့် မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ မပေါ်လာစေရန် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့ ချိတ်ဆက်ဆောင်ရွက်၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ပြားစေရန်နှင့် အကြမ်းဖက်အားပေး လုပ်နေသော AAC အဖွဲ့ဝင်များကို အမြန်ဆုံး ဖမ်းဆီးအရေးယူပေးပါရန် လေးစားစွာ မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)