ဟိုပန်မြို့၌ (၃၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၃၅)ကြိမ်မြောက် မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်မြို့၌ (၃၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၃၅)ကြိမ်မြောက် မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်


MNP - မတ်    ၃

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ (၃၁)ဘုံစေတီကုန်းသာသနာပြုကျောင်းတိုက်တွင် (၃၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၃၅)ကြိမ်မြောက် မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ပထမဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲနှင့် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ရေး၊ ပွဲတော်ဖြစ်မြောက်ရေး အတွက် ဖွဲ့စည်း ထားသော နာယကများ၊ ဦးစီးကော်မတီများ၊ ဆပ်ကော်မတီအသီးသီးက စည်းလုံးညီညွတ် စွာဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပွဲတော်အေးချမ်းစွာ ကျင်းပနိုင်ရေးနှင့်လုံခြုံရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ မိမိအစီအစဉ်ဖြင့် ရှင်ပြုရန် အခက်ခက်ခဲသူများစာရင်း အမြန်ပေးပို့ရေးတို့ကို မှာကြား ခဲ့သည်။

ထို့နောက် ပွဲတော်ကျင်းပရေး ဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် နာယက ဦးစိုင်းလှမြင့်လေးတို့က ပွဲတော်ကျင်းပရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လည်းကောင်း၊ ကျန်းမာရေးဆပ်ကော်မတီဥက္ကဋ္ဌဒေါက်တာပြည့်ကိုကိုက ပွဲတော်မကျင်းပမီ ကိုဗစ်-၁၉ အသိပညာပေးအကြောင်းအရာများ ဖွင့်လှစ်ပေးရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေးစီစဉ် ဆောင်ရွက်ပေးရေး တို့ကို ဆွေးနွေးတင်ပြရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

 ယင်းနောက် ဥက္ကဋ္ဌဦးညီနပ်က တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

အစည်းအဝေးသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနာယက၊ ဥက္ကဋ္ဌနှင့် ဆပ်ကော်မတီများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)