ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ်ဆက်တိုက် ထိုးနှံပြီးသူများအား Booster Dose ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ်ဆက်တိုက် ထိုးနှံပြီးသူများအား Booster Dose ဆက်လက်ထိုးနှံ

 


MNP - မတ်    ၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးစီးခဲ့သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose   ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန် ဘုရားကြီး သိမ်တော်၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးဇော်သိန်းနှင့်အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်ပြီး၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းများ ကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း စသည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကာ ပုံမှန်အခြေအနေ ရှိသူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း ၄၇၅၀ ဦးတို့အား ထိုးနှံပြီးစီးခဲ့ပြီး၊ ပုဏ္ဏားကျွန်း မြို့နယ်အတွင်းရှိ ကိုဗစ်ကာကွယ်ဆေး(၂)ကြိမ်ဆက်တိုက်ထိုးနှံပြီးသူများကို ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - နီထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)