နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် အမျိုးဘာသာ သာသနာကို ထိခိုက်ခံမည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် အမျိုးဘာသာ သာသနာကို ထိခိုက်ခံမည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား











MNP ၊ မတ် ၄

ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်တို့ ဦးဆောင်သော ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ပေါ်ရှိ အမျိုးသားရေးဦးဆောင်လှုပ်ရှားသူ ဆရာတော်သံဃာတော်များ၊ အခြားသော လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သည်။


တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ဆရာတော်သံဃာတော်များနှင့် လူပုဂ္ဂိုလ်များက မိတ်ဆက်စကား ပြောဆိုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေသည့်အခြေအနေများ၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေမှုအခြေအနေများကို အဖွင့်အမှာစကား ပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပြည်သူတို့၏ ဆန္ဒတစ်ထပ်တည်းကျဖို့ ခက်ခဲပါကြောင်း၊ နိုင်ငံတော်တာဝန်များ ဆောင်ရွက်ခဲ့မှုမှတ်တမ်းများကို ဝန်ကြီးက ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်နယ်တွင် အခြေအနေတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏ ဆောင်ရွက်ချက်များတွင် ပြည်သူမပါဘဲ မအောင်မြင်နိုင်ကြောင်း၊ အစိုးရအနေဖြင့် ပြည်သူများအကျိုးအတွက် လက်တွေ့ကျကျ ဆောင်ရွက်နေသည့် အခြေအနေများ၊ မဲမသမာမှုမှ ဖြစ်ပေါ်လာသော အခြေအနေတစ်ရပ်တွင် အမှားအမှန်ကို ခွဲခြား၍ ဘယ်ဟာ အမှန်ပိုများသလဲ သုံးသပ်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖြစ် ဖွဲ့စည်းခဲ့ရသည့်အခြေအနေ၊ ရာထူးတာဝန်များ ပြောင်းရွှေ့ခဲ့ရသည့် အခြေအနေ၊ မျှော်လင့်မထားဘဲ ပေးအပ်သည့် တာဝန်ကို ထမ်းဆောင်ကြရသည့် ကာလတွင် ကြိုးစားဆောင်ရွက်နေကြသည့် အခြေအနေများ၊ မြန်မာ့လူအဖွဲ့အစည်းတွင် ကိုယ်ချင်းစာတရား၊ စာနာထောက်ထားမှု ရှိသည်ဟု ဆိုသော်လည်း တခါတရံ အပြောနဲ့ အလုပ် လွဲချော်မှုများ ရှိကြောင်း၊ ၁၉၈၈ က ခေါင်းဖြတ်သတ်ခဲ့သည့် ဖြစ်စဉ်များ မှတ်တမ်းများ ရှိပါကြောင်း၊ ယခု အခါ တပတ်လည်၍ ၂၀၂၁ အခြေအနေဆိုးကြုံတွေ့လာရသည့်အခြေအနေ၊ အကြမ်းဖက်လှုံ့ဆော်မီဒီယာများမှ ပြည်သူများကို နေ့စဉ် စိတ်ရိုင်းစိတ်မိုက်များ ဖြစ်ပေါ်လာစေရန် အစာကျွေးနေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဖြစ်ပေါ်နေသည့် အခြေအနေတွင် PDF ထိခိုက်သေဆုံးသည်ဖြစ်စေ၊ တပ်မတော်သား ထိခိုက်သေဆုံးသည်ဖြစ်စေ နိုင်ငံတော်အတွက် နစ်နာမှုပင်ဖြစ်ပါကြောင်း၊ အနုပညာရှင်များကို ဖြေလျှော့ပေးခဲ့သည့် အခြေအနေများ၊ ပြည်သူများအနေဖြင့် မီးပြတ်ရင် အစိုးရကိုဆဲ၊ ကြပ်တည်းလာရင် အစိုးရကို ဆဲ၊ မီးဘာကြောင့် ပျက်သလဲ။ လောပိတမှ တာဝါတိုင်များကို PDF က ဖျက်ဆီးထားကြောင်း၊ တိုင်းပြည်မတိုးတက်ဘူး ဆိုရာတွင်လည်း တိုင်းပြည်ကို ပိတ်စို့အရေးယူဖို့ ပြောဆိုခဲ့သူတွေရှိကြောင်း၊ ဒါတွေကို နားလည်သဘောပေါက်ကြဖို့ လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ကောင်းမွေ၊ ဆိုးမွေကို ဆက်ခံရမှာပင်ဖြစ်ကြောင်း၊ ထိပ်တိုက်တွေ့ခြင်း နည်းလမ်းကတော့ မကောင်းပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းရေးကို ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေး၊ စားဝတ်နေရေး ပြေလည်စေရေးသည် အဓိကဖြစ်ပါကြောင်း၊ နိုင်ငံတိုင်းဟာ မိမိတို့ အမျိုးသားအကျိုးစီးပွားကို အလေးထားခြင်းဖြစ်ပါကြောင်း၊ အနုပညာရှင်များ နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ခဲ့ကြသည့်အခြေအနေများနှင့် စပ်လျဉ်း၍ အနုပညာက အဖြူရောင်သွားသင့်ကြောင်း၊ အနုပညာလောက ပြန်လည်တည့်မတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဖြေလျော့သင့်တာကို ဖြေလျှော့ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်သင့်သည်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အချုပ်အခြာ အာဏာနဲ့ အမျိုး ဘာသာ သာသနာကိုတော့ ထိခိုက်ခံမည် မဟုတ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ငိုနေသည့် ပြည်သူများ ပြုံးပျော်နိုင်အောင်၊ မွန်းကြပ်နေတဲ့ ပြည်သူတွေ ရွှင်လန်းလာအောင်၊ သတင်းမှန်များ ပြန့်နှံ့အောင် ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။


တက်ရောက်လာ အမျိုးသားရေးဦးဆောင်ဆရာတော်များထဲမှ ဆရာတော်ဦးဉာဏဓမ္မက တည်ငြိမ်အေးချမ်းရေးအတွက် အလေးထား လုပ်ဆောင်သင့်သည်များ၊ အကြမ်းဖက်လှုပ်ရှားမှုများကို တာဝန်သိပြည်သူများ သတင်းပေးပို့ ကူညီဆောင်ရွက်သော်လည်း အလေးထားဆောင်ရွက်မှု အားနည်းလွန်းသည့် အခြေအနေများကို ရှင်းလင်းမိန့်ကြားပြီး၊ ဆရာတော်အရှင်ပညာဝံသ၊ ဆရာတော်အရှင်ဉာဏ်ဏောဘသ တို့က တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားဆွေးနွေး မိန့်ကြားသွားသည်။


တက်ရောက်လာသည့် လူပုဂ္ဂိုလ်များကလည်း အကြမ်းဖက်အန္တရာယ် တားဆီးကာကွယ်ရေး၊ အကြမ်းဖက်ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပြီး တာဝန်ခံမှု၊ တာဝန်ယူမှု ကင်းမဲ့နေသည့် အခြေအနေများ၊ အိုးအိမ်စွန့်ခွါ တိမ်းရှောင်နေကြရသူများကို အလေးထား၍ ကူညီဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေး တင်ပြကြသည်။


ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်သုံးသပ်ဆွေးနွေး၍ အခမ်းအနားကို ရုပ်သိမ်းပြီး ဆရာတော်သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ အမျိုးသားရေးလှုပ်ရှားသူများနှင့် ထမင်းဝိုင်းတွင် လွပ်လပ်ပွင့်လင်းစာ အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)