အိမ်ရှင်ဈေးသွားခိုက် အိမ်နီးနားချင်းမှ ရွှေထည်ပစ္စည်းများ ခိုးယူမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်ရှင်ဈေးသွားခိုက် အိမ်နီးနားချင်းမှ ရွှေထည်ပစ္စည်းများ ခိုးယူမှုဖြစ်ပွား



MNP ၊ မတ် ၅

ရခိုင်ပြည်နယ်၊ ဂွမြို့၊ မြို့မရပ်ကွက်၊ မိုးကုတ်လမ်း(၃)လမ်းတွင်နေသူ မပန်းအိဖြူသည် မတ်လ(၂)ရက်နေ့က ၎င်းဈေးသွားခိုက် နေအိမ်တွင်ထားရှိသည့် ပိုက်ဆံ (၁၀၀၀၀)နှင့် ရွှေထည်ပစ္စည်းများ(၇)မျိုး(တစ်ကျပ်ခွဲသားကျော်ခန့်)တွင်  ရွှေထည်ပစ္စည်းများသာ ပျောက်ဆုံးသွားကြောင်းနှင့် အဆိုပါခိုးယူသူအား စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ပေးပါရန် မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းမှု ဖြစ်ပွားခဲ့သည်။

ထိုသို့လာရောက် တိုင်တန်းမှုကြောင့် ပြစ်မှူကျူးလွန်သည့် တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် အမှုစစ် နယ်ထိန်း ဒုရဲအုပ်မင်းနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ သက်သေများပါဝင်သောအဖွဲ့သည် ရွှေအရောင်းအဝယ်ဆိုင်များ၊ အပေါင်ဆိုင်များအား လိုက်လံစုံစမ်းခဲ့ရာ မြို့မရပ်ကွက်၊ ဂမုန်းမြိုင်လမ်းရှိ ရွှေအရောင်းအဝယ်ဆိုင်တွင်  မပန်းအိဖြူပျောက်ဆုံးသွားသည့် ရွှေထည်ပစ္စည်းများအနက် ရွှေလက်ကောက်(၂)ကွင်းအား(၈၅၄၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ရွှေလက်ကောက်(၁)ကွင်း၊ ရွှေဆွဲသီး(၁)ခု၊ ရွှေနားဆွဲ(၁)ရံ(နားကပ်မပါ)၊ ရွှေလက်စွပ်(၁)ကွင်းတို့အား (၁၀၃၉၀၀၀)ကျပ်ဖြင့် လည်းကောင်း နှစ်ကြိမ်ခွဲ၍ လာရောက် ရောင်းချထားသည်ကို စုံစမ်းတွေ့ရှိရကြောင်း၊ လာရောက်ရောင်းချသူမှာ မပန်းအိဖြူ၏ အိမ်ခေါင်းရင်းတွင် နေထိုင်သူ မနွယ်နွယ်ဦး(၃၄)နှစ်၊ ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ရခဲ့သည်။

ထို့နောက် သက်သေများနှင့်အတူ မနွယ်နွယ်ဦး နေအိမ်သို့ သွားရောက်ရှာဖွေရာ မနွယ်နွယ်ဦးမှ ရွှေထည်ပစ္စည်းများ ရောင်းရငွေများကို အကြွေးများဆပ်ပြီး ကျန်ငွေနှင့် ကျန်ခိုးယူထားသည့် ရွှေထည်ပစ္စည်းများကို ၎င်း၏နေအိမ် အတွင်းရှိ အဝတ်အစားများကြားနှင့် ဆန်အိုးထဲတွင် သိမ်းဆည်းသိုဝှက်ထားကြောင်း  စစ်ဆေးသိရှိရ၍ မနွယ်နွယ်ဦးအား ဖမ်းဆီးပြီး ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)