မောင်တောမြို့တွင် နေအိမ်တစ်လုံး လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့တွင် နေအိမ်တစ်လုံး လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား





MNP ၊ မတ် ၅

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ယမန်နေ့ ညနေ(၂၀:၁၀)အချိန်က မြို့မအရှေ့ရပ်ကွက် ၊ ရုပ်ရှင်ရုံလမ်း၌ နေအိမ်တစ်လုံး လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက် ၊ ရုပ်ရှင်ရုံလမ်းရှိ နေအိမ်တစ်လုံးမီးလောင်နေကြောင်းသတင်းအရ  ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေး ဦးသန့်ဇင် နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင် နှင့် တပ်ဖွဲ့ဝင်များက မီးငြိမ်း သတ် ယာဉ် (၂)စီးဖြင့် မီးလောင်ပြင်သို့ သွားရောက်မီးငြိမ်းသတ်ခဲ့ရာ ညနေ(၂၀:၃၀) အချိန် တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။ မီးလောင်ရသည့် အကြောင်းအရင်းမှာ နှစ်ပင်လိမ်လျှပ်စစ် ဝါယာ ကြိုး အပူလွန်ကဲပြီး အနီးရှိ အိမ်အကာဖြစ်သည့် မိုးကာစသို့ မီးစတင်ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း နှင့် မီးလောင်မှု ကြောင့် အလျား ၁၂ ပေ၊ အနံ ၁၅ ပေ ၊ အမြင့် ၁၅ ပေခန့်ရှိ  (သွပ်မိုး ၊ ဝါးထရံကာ ၊ ပျဉ်ခင်း) ဦးဗိုလ်နီ၏ လူနေအိမ် အကာ(ဝါးထရံကာ နှင့် မိုးကာစ) ၊ ပြတင်းပေါက်များ ၊ ထုတ်တန်းများ ၊ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြို့နယ် မီးသတ် ဦးစီး ဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့်  မောင်တောပြည်သူ့ဆေးရုံ၌ အတွင်း လူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိပြီး  မီးလောင်မှုနှင့်ပတ်သတ်၍ ဦးဗိုလ်နီ(၆၃)နှစ်(ဘ)ဦးသန်းစိန်အား  မြို့မ ရဲစခန်းမှ(ပ) ၁၅/၂၀၂၂ ၊ ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်လှစ်ကာ အရေး ယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)