MNP - မတ် ၁၂
အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့် မမေ့အပ်သော နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်နှင့် မှတ်သားအတုယူနိုင်စေရန်ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ မတ်လ ၂၇ရက်နေ့တွင် ရောက်ရှိမည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြို အလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က ပြိုင်ပွဲပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်မှ အလယ်တန်းအဆင့် ကျောင်းသား/သူ များပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - ခင်ခင်လဲ့
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment