ရမ်းဗြဲမြို့နယ်၌ရပ်ကွက်၊ကျေးရွအုပ်စုများသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသာစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ရပ်ကွက်၊ကျေးရွအုပ်စုများသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသာစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး





 MNP ၊  မတ် ၁၃    

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ရမ်းဗြဲမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်သတ်မှတ်စံနှုန်းပြည့်မီနှင်ရေးနှင့် ပြည်သူများ   “လူမှုဘဝပြည့်စုံဖို့၊ နိုင်ငံသားကတ်ကိုင်ကြစို့ ”ဆောင်ပုဒ်နှင့်အညီ   မြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာအုပ်စုများသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ဆောင်ရွက်ခြင်းကိုကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က လမုခြေကျေးရွာအုပ်စုနှင့် ရမ်းပေါက်ချောင်းဖျားကျေးရွာအုပ်စုများသို့သွားရောက်ပြီး အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ခြင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်‌‌ပေးခြင်းကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  ရမ်းဗြဲမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦသန်းထွဋ်မင်းနှင့် ဝန်ထမ်း ၃ ဦးတို့မှ လမုခြေကျေးရွာအုပ်စုသို့လည်းကောင်း၊ ဒုလဝကမှူး ဦးစိုးစံထွန်းပါ ဝန်ထမ်း ၄ ဦးပါ အဖွဲ့တို့မှ ရမ်းပေါက်ချောင်းဖျားကျေးရွာအုပ်စုသို့လည်းကောင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြိုနယ်အတွင်းရှိရပ်ကွက်၊ကျေးရွာ အတွင်းနေထိုင်ကြသည့် ပြည်သူများအားပြောင်းရွေ့ ၊ ခွဲထွက်လိုသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း မပြုလုပ်ရသေးသောသူများကို အိမ်ထောင်စုလူဦးရေးစာရင်းပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးပျက်စီးမှုများအား မိတ္တူပြုလုပ်ဆောင်ရွက်ပေးခြင်းများနှင့် ဖွား သေ စာရင်းများအတွက်ပယ်ဖျက်ခြင်း၊ ရေးသွင်းခြင်းများဆောင်ရွက်ပေးခြင်းများနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသောပြည်သူများအား အသက်(၁၀) နှစ်ပြည့် နှင့် အသက်(၁၈)နှစ်နှင့်အထက်ရှိပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းများကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - အေင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)