သံတွဲခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ( ၇၇ )နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ( ၇၇ )နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း






MNP ၊ မတ် ၁၂

သံတွဲခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ( ၇၇ )နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉နာရီက သံတွဲခရိုင်ပြည်သူ့ဆေးရုံ သွေးလှူဌာန၌ ကျင်းပပြုလုပ်သည်။

အဆိုပါသွေးလှူဒါန်းပွဲသို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊တိုင်းစစ်ဦးစီးအရာရှိချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက သွေးလှူဒါန်းနေသော ရဲတပ်ဖွဲ့ဝင်များအား လှည့်လည်ကြည့်ရှုအားပေးစကားပြောကြားပြီး အားဖြည့် အစားအစာများဖြစ်သည့် ကြက်ဥနှင့်နို့ဆီများကို ပေးအပ်လှူဒါန်းခဲ့သည်။

ထိုသို့သွေးလှူဒါန်းရာတွင် သံတွဲခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များနှင့် အမှတ်(၃၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၂)တပ်ခွဲမှရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ သွေး(၂၄)လုံး လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။


သတင်း - သန့်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)