MNP ၊ မတ် ၁၃
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဘီးလင်းမြို့နယ် မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
(၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် အမျိုးသား ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲများကို မတ်လ ၁၂ရက်နေ့ နှင့် ၁၃ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအားကစားပြိုင်ပွဲများတွင် အမျိုးသား ဘော်လီဘော ပြိုင်ပွဲ၌ ပထမဆုကို ခမရ ၃ အသင်း၊ ဒုတိဆုကို စေတန် အသင်း၊ ပူးတွဲ တတိယဆုကို (ကန်သာယာ-၇)အသင်းနှင့် ဘုရားရွာအသင်းတို့ကလည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်ပထမဆုကို အနိုင်းပွန်အသင်း၊ ဒုတိယဆုကို ဘိုးရာဇာအသင်း က လည်းကောင်း၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုကို သပြေနီအသင်းနှင့် ဒုတိယဆုကို ရင်းအုံ အသင်း တို့ကရရှိခဲ့ကြသည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဘီးလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးသိုက်ထွန်း၊ အဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်း၊ သထုံခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးဝင်းနှင့် တာဝန်ရှိသူအသီးသီးတို့ကဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်း - ထူးနောင် (ဘီးလင်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment