မင်းဘူး(စကု)မြို့နယ် ကိုင်းမကြီးကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ် ကိုင်းမကြီးကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်




MNP - မတ်    ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကိုင်းမကြီးကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို ကိုင်းမကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်တွင် ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ပေးအပ်ခဲ့ကြပြီး မီးဘေးသင့် အိမ်ထောင်စုများနှင့် တွေ့ဆုံကာ ဒေသခံများ၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ကိုင်းမကြီးကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စုပေါင်း (၇၂)စုနှင့် လူဦးရေ (၂၇၀)ဦးရှိပြီး မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် (၃)သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၂၁,၆၀၀,၀၀၀၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုပေါင်း (၇၂)စုနှင့် မိသားစုဝင်များအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာအတွက် ထောက်ပံ့ငွေကျပ် ၈,၈၆၇,၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၇၂)ပုံး၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ မိသားစုများမှ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် နို့ဆီများ၊ အခြေခံပညာဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အတွက် ကျောင်းသုံး ဗလာစာအုပ်၊ ပုံနှိပ်စာနှင့် စာရေးကိရိယာပစ္စည်းများ၊ ကောင်းမွန်မိသားစု (မကွေး)မှ တစ်အိမ်ထောင်လျှင် ဆန်(၆)ပြည်၊ ရေသန့် (၂၀)လီတာ တစ်ဘူးနှုန်း၊ ဗြဟ္မစိုရ်လူမှုကူညီရေး အသင်း(မင်းဘူး)မှ တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်၊ ရေသန့်တစ်ကဒ်နှင့် မုန့်မျိုးစုံတစ်ထုပ်နှုန်းအပြင် အနယ်နယ် အရပ်ရပ်မှ စေတနာရှင် အလှူရှင်းများနှင့် ပရဟိတအဖွဲ့အစည်းများမှလည်း အလှူငွေ၊ ဆေးဝါး၊ ရေသန့်၊ အစားအသောက်နှင့် အဝတ်အထည်များကို ဝိုင်းဝန်းကူညီ လှူဒါန်းပေးလျက်ရှိသည်။

ကိုင်းမကြီးကျေးရွာရှိတွင် မတ်လ ၁၁ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်က နေအိမ်အတွင်းရှိ နွားတင်းကုတ်အတွင်း ဝက်စာအိုးကျိုရာမှ မီးကြွင်းမီးကျန်မှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စုပေါင်း (၇၂)စု၊ လူဦးရေပေါင်း (၂၇၀)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ကြောင်း၊ မီးဘေးသင့် အိမ်ထောင်စုများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာနမှ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - မောင်မောင်

မြန်မာနရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)