MNP - မတ် ၁၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အလယ်ရပ်ကွက်၌ ယမန်နေ့ညနေ (၅)နာရီ (၄၅) မိနစ်ခန့်တွင် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးကောင်းမြို့၊ အလယ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ မီးစတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး သွပ်မိုးထရံကာ အုတ်ညှပ်အဆောက်အဦ (၁) လုံးနှင့် သွပ်မိုးထရံကာ မြေစိုက်တစ်ထပ် တန်းလျား (၁) လုံးတို့ မီးလောင်ဆုံးရှုံးခဲ့သည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မိုးကောင်းမြို့နယ် မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၉) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦးနှင့် ဒေသခံ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ကြရာ ညနေ (၆) နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုနှင့် ပတ်သက်၍ မိုးကောင်းမြို့နယ်ရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - သန်းလွင်ဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment