MNP ၊ မတ် ၁၃
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားလာစေရန်ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အရည်အချင်းမြှင့်မားရေးသင်တန်း ဆင်းပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များ၊ရပ်/ကျေးဥပဒေ၊ နည်းပဒေ များပိုမို သိရှိစေရန်၊ ဆက်စပ်ဌာန ဆိုင်ရာ များ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ချက်များ နှင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအတွင်း နေထိုင်သူ များ၏ တာ ဝန်ဝတ္တရားများ၊ အခွင့်အရေး များ သိရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပြီး ယခုအခါ ရပ်ကွက်၊ ကျေးရွာ အုပ် စု အုပ်ချုပ်ရေးမှူး များအနေဖြင့် သင်တန်းမှ ပို့ချပေးလိုက်သော သက်ဆိုင်ရာ ဘာသာရပ်များကို စိတ်ပါ ဝင်စားစွာဖြင့် တက်ရောက်သင်ယူခဲ့ကြသည့်အတွက် အလွန်ပင် ဝမ်းမြောက်မိကြောင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံ အုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာ ဝန် ရှိသူများက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ထံသို့ သင်တန်းဆင်း လက်မှတ်များအား အသီးသီး ပေး အပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနများအလိုက် ဘာသာရပ်များအား သင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကို ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ၊ ခေတ္တအုပ်ချုပ် ရေးမှူးများ၊ တာဝန်ခံများ စုစုပေါင်း (၈၈)ဦးတက်ရောက်သင်ယူခဲ့ကြရာ သင်တန်းကာလ မှာ မတ်လ ၇ ရက်နေ့မှ ၁၃ ရက် နေ့အထိ (၁)ပတ်ကြာမြှင့် ခဲ့ကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment