MNP ၊ မတ် ၃၁
ဂွမြို့နယ်၌ ၂၀၂၁/၂၀၂၂-ခုနှစ်ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင်စာမေးပွဲများအား ယနေ့နံနက် ၉ နာရီအချိန်က စတင်၍သက်ဆိုင်ရာစာစစ်ဌာန များတွင်ကျောင်းသားကျောင်းသူများ မြန်မာစာဘာသာရပ်အားစတင်ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။
ဂွမြို့နယ်တွင် စာစစ်ဌာနစုစုပေါင်း (၃)ခုရှိပြီး ကျောင်းတွင်းနှင့် ကျောင်းပြင်ပမှ ဝင်ရောက်ဖြေဆိုခွင့်လျှောက် ထားသူ ကျောင်း သား/ ကျောင်းသူ(၇၇၀)ဦးရှိကြောင်းနှင့် ယနေ့ မြန်မာစာဘာသာရပ်အား ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ(၆၉၁)ဦးရှိရာ ပျက်ကွက်သူ ကျောင်းသား/ ကျောင်းသူ(၇၉)ဦး ရှိကြောင်း၊ ဖြေဆိုရာခိုင်းနှုန်း(၈၉.၇၄) ဖြစ်ကြောင်း မြို့နယ်ပညာမှူးရုံးမှ သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment