MNP ၊ မတ် ၃၁
ရခိုင်ပြည်နယ် ၊ပေါက်တောမြို့နယ်၊ ရွာချောင်းကြီးကျေးရွာအနီး မင်းပြား- ပေါက်တော ကားလမ်းဘေးတွင် ဆောက်လုပ်ထားသည့် ကြက်မွေးမြူရေးခြံတစ်ခြံ၌ ယနေ့ နံနက် (၅နာရီ ၃၀ မိနစ်)အချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာအနီး မွေးမြူရေး ကြက်ခြံတစ်ခြံ မီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်းကို ရွာချောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးမှ ပေါက်တောမြို့နယ် မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားလာ၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်း နှင့်တပ်ဖွဲ့ဝင်များက အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့၍ နံနက် ၅ နာရီ ၄၀ မိနစ်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။မီးလောင်ကျွမ်းမှုကြောင့် ကြက်ခံအတွင်းရှိ အသားစားကြက် (၄၀၀)ကောင်နှင့် ဥစား ကြက်ပေါက် (၇၀၀)ကောင် စုစုပေါင်းကာလတန်ဖိုး( ၃၅)သိန်းကျပ် ဆုံးရှုံးခဲ့ပြီး ကြက်ခြံပိုင်ရှင် ဒေါ်သန်းသန်ဦးအား မီးကိုပေါ့ဆစွာ သုံးစွဲခြင်းကြောင့် ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment