ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ အန္တရာယ်ကင်းစွာ စနစ်တကျ ကိုင်တွယ်သုံးစွဲရေးများနှင့် ပတ်သက်သော တောင်သူပညာပေး ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ အန္တရာယ်ကင်းစွာ စနစ်တကျ ကိုင်တွယ်သုံးစွဲရေးများနှင့် ပတ်သက်သော တောင်သူပညာပေး ဆွေးနွေးပွဲကျင်းပ






MNP ၊ မတ် ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၊ ဂွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သံတွဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ရခိုင်ပြည်နယ်တွင် ပထမဦးဆုံး အကြိမ်အဖြစ် ဆောင်ရွက်သည့် ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူ အကာအကွယ်ပေးရေးနှင့် ပိုးသတ်ဆေးများကို အန္တရာယ်ကင်းစွာ စနစ်တကျ ကိုင်တွယ်သုံးစွဲရေးများနှင့်  ပတ်သက်သော တောင်သူပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင်သံတွဲခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးကျော်ထွန်းလင်းက ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍  ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုဆွေးနွေးခဲ့ပြီး  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မိခင်ကလေး/ကျောင်းကျန်းမာရေး/အာဟာရ) ဒေါ်နီလာအေးက မိတ်ဆက်စကားပြောကြားခြင်း၊ သံတွဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဌေးနိုင်က မိတ်ဆက်စကားပြောကြားခြင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ဝါဝါထွန်းက ပိုးသတ်ဆေးများကို အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ရန်အချက်များ၊ ပိုးသတ်ဆေးများကို စနစ်တကျ အန္တရာယ်ကင်းစွာ ကိုင်တွယ်သိုလှောင်နည်းများ၊ ပိုးသတ်ဆေးဘူးခွံများနှင့် သက်တမ်းလွန် ပိုးသတ်ဆေးတို့အား စနစ်တကျစွန့်ပစ်ဖယ်ရှားနည်းများ၊ အရေးကြီးသည့် ရှေးဦးသူနာပြုစုနည်းများ၊ တောင်သူများအနေဖြင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးများ ဝယ်ယူသုံးစွဲပါက သတိပြု စစ်ဆေးရမည့်အချက်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။


ဆွေးနွေးပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)