ရေစကြိုမြိုနယ်၊ ဂွေးချိုကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်အပါအဝင် နေအိမ် ၁၇ လုံးကို PDF အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြိုနယ်၊ ဂွေးချိုကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်အပါအဝင် နေအိမ် ၁၇ လုံးကို PDF အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီး




MNP ၊ မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြိုနယ် ဂွေးချိုကျေးရွာရှိ အုပ်ချုပ်ရေးမှူးနေအိမ်အပါအဝင် လူနေအိမ် ၁၇ လုံးခန့် မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်က PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ဂွေးချိုကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးဝေလွင်၏  နေအိမ်အား PDF အကြမ်းဖက်သမား အင်အား စီစစ်ဆဲမှ လာရောက် မီးရှိဖျက်ဆီး နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ PDFအကြမ်းဖက်သမားများ ဆုတ်ခွာပြေးခဲ့ပြီး ၎င်းတို့၏  မီးရှိဖျက်ဆီးမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလွင်နေအိမ် အပါအဝင် ၁၇ လုံးမီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)