MNP ၊ မတ် ၁၄
ယနေ့နံနက် ၉ ၀၀ နာရီ ဝန်းကျင်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြိုနယ်၊ (ဋ)ရပ်ကွက် ၊ ၁၂၉-၁၃၀ လမ်း ကြား၊ ၄၉ လမ်းတွင် အပြစ်မဲ့ ပြည်သူတစ်ဦးအား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒေသခံသတင်းများအရ လူတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သတင်းအရ ၊ သွားရောက်စစ်ဆေးခဲ့ရာ (ဋ)ရပ်ကွက် ၊ ၁၂၉-၁၃၀ လမ်း ကြား၊ ၄၉ လမ်းတွင် ကိုသန်းမြတ်စိုး(ခ)မွတ်တား၊ ၄၂ နှစ်၊ (ဘ)ဦးမြတ်သွင် ၊ မပတ-မမှတ်မိ၊ ဗမာ/ဗုဒ္ဓ၊ တောင်သူ ၊ ဇီးအုပ်ရွာမ ၊ (ဋ) ရပ် ကွက် ၊ ပြည်ကြီးတံခွန်မြိုနယ်နေသူသည် ဝဲဘက်ကျောကုန်း ဖောက်ဝင်ဒဏ်ရာ(၁)ချက် ၊ ဝဲဘက်နံဘေးတွင် ဖောက်ဝင်ဒဏ်ရာ(၁)ချက် ၊ ဝဲဘက်ကျောကုန်း အောက်ပိုင်းဖောက်ဝင်ဒဏ်ရာ (၁)ချက် ၊ ဂုတ်ပိုးတည့်တည့် ဖောက်ဝင်ဒဏ်ရာ(၁)ချက် တို့ရရှိပြီး လမ်းဘေးတွင် လဲကျသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား မေးမြန်းရာ ကိုသန်းမြတ်စိုး(ခ)မွတ်တာ သည် နေအိမ်မှ MDY ၄၉ ယ/၅၃၃၄၁ Click 125 အဖြူရောင် ဆိုင်ကယ်ဖြင့် ၄၉လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်လာစဉ် ၎င်းဆိုင်ကယ်နောက်မှ အမည်မသိ လူနှစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်(စိစစ်ဆဲ)ပေါ်မှ သေနတ်ဖြင့် (၄)ချက် ပစ်သွားပြီး လဲကျသေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ ကိုသန်းမြတ်စိုး(ခ)မွတ်တာ အလောင်းအား ၀၉ ၃၅ အချိန် သုခမန်လွယ် လူမှုကူညီရေးအသင်းကားဖြင့် မန္တလေးဆေးရုံကြီးသို ပိုဆောင်ခဲ့ပြီး အခင်းဖြစ်နေရာတွင် USA Auto380 အမျိုးအစားကျည်ခွံ(၄)ခု တို့အား တွေ့ရှိခဲ့ပြီး တရားခံအားဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment