MNP - မတ် ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အိန္ဒုကျေးရွာ၊ အိန္ဒုအ.ထ.က ကျောင်းရှိ ကျောင်းသား/သူများအား ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းပြုလုပ်ပေးနေမှုအား ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးစိုးလွင်၏ အနီးကပ်ကြီးကြပ်မှု နှင့် ကွင်းဆင်းပြုလုပ်ပေးရာတွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းနောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် နိုင်ငံသား တစ်ယောက်အနေဖြင့် ရသင့်၊ ရထိုက်သည့် ကတ်တစ်မျိုးမျိုး လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိရေးအတွက် လာရောက်ကွင်းဆင်း ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပလပ်စတစ်လောင်း ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၈)ခု ပြုလုပ်ပေးနိုင်ခဲ့သည်။
ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးက နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ ဆောင်ရွက်နေမှုများနှင့်ပတ်သတ်၍ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန်၊ နိုင်ငံသားတိုင်း နိုင်ငံသားသက်သေခံကတ်ပြား တစ်ခုခုကိုင်ဆောင်နိုင်ရေး၊ ပြည်သူ့လက်အရောက် ထုတ်ပေးနိုင်ရေးအတွက် ထပ်ဆင့် မှာကြားခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment