လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် အမေရိကန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် အမေရိကန်


မြန်မာ့တပ်မတော်ကို တချိန်လုံး ထိုးနှက်တိုက်ခိုက်ပြောဆိုနေတဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ သည်းခံနိုင်စရာ မရှိတော့လောက်အောင် ဖြစ်လာပါတယ်။ ကမ္ဘာ့အင်အာကြီးနိုင်ငံတစ်နိုင်ငံအနေနဲ့ မိမိစောင့်ထိန်းလိုက်နာရမယ့် သံတမန်ကျင့်ဝတ်၊ နိုင်ငံတကာဆက်ဆံရေးကို အလေးထားခြင်း မရှိဘဲ ယုတ္တိမရှိတဲ့ စွပ်စွဲပြောဆိုမှုအမျိုးမျိုးနဲ့ မြန်မာတပ်မတော်အပေါ် တိုင်းရင်းသားပြည်သူများက အထင်အမြင်လွဲမှားစေရန်၊ မုန်းတီးစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ခေတ်သစ်ကိုလိုနီနည်းစနစ်တွေထဲကမှ သပ်လျှိုသွေးခွဲနည်းနဲ့ မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေခြင်းပဲ ဖြစ်ပါတယ်။

အမေရိကန်ဟာ မြန်မာပြည်ကို မွှေဖို့အတွက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားတစ်စုကိုလည်း လက်ကိုင်တုတ်အဖြစ်နဲ့ မွေးမြူထားပါတယ်။ တိုင်းပြည်အပေါ် သစ္စာမထားတဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေဟာ ငွေပေးပြီး ပြောခိုင်းရင် ဂျပိုးကို လိပ်ဖြစ်အောင် ပြောပေးတတ်တဲ့ ခိုင်းနွားတွေပဲ ဖြစ်ပါတယ်။ သူတို့မှာ အမှန်တရားမရှိပါဘူး။ ငွေပေးသူအလိုကျ ယုတ္တိမရှိတာကို ယုတ္တိရှိရှိ ဖန်တီးပြောဆိုတတ်တဲ့ ကိုယ်ကျိုးရှာပညာရပ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြသူတွေဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တက်လာပြီးနောက် နိုင်ငံခြားရေးဝန်ကြီးတာဝန် ထမ်းဆောင်နေတဲ့ အန်တိုနီ ဘလင်ကန် က မြန်မာ့တပ်မတော်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်ကို အခြေအမြစ်မရှိ ပြောဆိုသွားခဲ့ပါတယ်။ သူ့ရဲ့ ဖန်တီးပြောဆိုမှုတွေဟာ တပ်မတော်အပေါ် တိုင်းရင်းသားပြည်သူများက ရွံမုန်းအောင် ဖန်တီးပြောဆိုမှုတွေဖြစ်တယ်ဆိုတာက ထင်ရှားနေပါတယ်။

ဒီလို အခြားတိုင်းပြည်တစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး တိုင်းဖျက်ပြည်ဖျက် လုပ်နေတဲ့ အမေရိကန်အနေနဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ မရှိဘူးလား။ နိုင်ငံတကာသတင်းတွေကို အခြေခံပြီးတော့ သုံးသပ်ကြည့်မယ်ဆိုရင်ပဲ အမေရိကန်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဂျပန်၊ ဗီယက်နမ်၊ ဆီးရီးယား၊ လစ်ဗျား၊ အီရတ်၊ အာဖဂန်နစ္စတန် နိုင်ငံတွေမှာ အမေရိကန်စစ်တပ်က သတ်ခဲ့တဲ့ လူပေါင်းဟာ ရေတွက်လို့တောင် မရပါဘူး။

အမေရိကန်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့တယ်ဆိုတာကို ရေးသားဖော်ပြဖို့ အချက်အလက်တွေ ရှာနေတာတော့ ကြာပါပြီ။ ရှာရင်တွေ့ပါတယ်။ R.J. Rummel ရေးသားထားတဲ့ Death By American Bombing And Other Democide ဆိုတဲ့ အမေရိကန်ဗုံးခွဲမှုကြောင့် သေဆုံးရမှုများနှင့် ဒီမိုကရေစီမုဒိန်းမှုများ ဆောင်းပါးမှာ ပြည့်ပြည့်စုံစုံတွေ့ရပါတယ်။ 

အမေရိကန် အစိုးရ နှင့် အမေရိကန် ပြည်သူ များသည် အရပ်သား ပြည်သူ များအား ဝေဟင်မှ ဗုံးကြဲ တိုက်ခိုက်မှု နှင့် စက်သေနတ် ဖြင့် ပစ်ခြင်းကို ပြင်းထန်စွာ ရှုတ်ချသည့် ပေါ်လစီ ကို အချိန်အတန်ကြာ ကျင့်သုံးခဲ့ကြတယ်ဆိုပေမယ့် အမေရိကန်သမ္မတ ရုစဗဲ့လက်ထက် ၁၉၃၉ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုထဲက ဟယ်စင်ကီမြို့ကို  ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထောက်ပြထားပါတယ်။ အမေရိကန်ဟာ နိုင်ငံခြားတိုင်းပြည်တွေကိုသာ ဒီမိုကရေစီအနိုင်ကျင့်မှုတွေ ကျူးလွန်နေခြင်းမျိုးမဟုတ်ဘဲ ၁၉၉၀ ခုနှစ်က အမေရိကန်ပြည်တွင်းမှာ လူပေါင်း ၂၀၀၀ ကျော်လောက် သေဆုံးရသည်အထိ ဒီမိုကရေစီမုဒိန်းကျင့်မှုကို ကျူးလွန်ခဲ့တယ်လို့ ထောက်ပြထားပါတယ်။ အမေရိကန်စစ်တပ်အနေနဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ထောင်ပေါင်းများစွာသော နိုင်ငံခြားတွေကို သတ်ဖြတ်ခဲ့ရာမှာ အများစုဟာ အရပ်သားပြည်သူတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ အမေရိကန်စစ်တပ်ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်ပျောက်ကျားတပ်တွေကို ချုပ်ကိုင်ထားတဲ့ အမေရိကန်ဟာ သူတို့ရဲ့ ကွပ်ကဲမှုအောက်မှာ နာခံမှုမရှိရင် ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့ကြသလို ကျွန်းစုတွေမှာ နေထိုင်တဲ့ အရပ်သားပြည်သူတွေကိုလည်း ရွာတွေဖျက်ဆီးခြင်းကြောင့် အများအပြားသေခဲ့ရတယ်လို့ ဆိုပါတယ်။ သူတို့ထိန်းချုပ်ထားတဲ့ စခန်းတွေ၊ ရွာတွေကနေ ရွာသားတွေကို မောင်းထုတ်လို့ ငတ်မွတ်ပြီး သေဆုံးကုန်တာတွေလည်း ရှိခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ အမေရိကန်တွေရဲ့ ဒီမိုကရေစီမုဒိန်းကျင့်မှုကြောင့် လူဦးရေရဲ့ ခြောက်ပုံတစ်ပုံ ဖိလစ်ပိုင်နိုင်ငံသား ၆၀၀၀၀၀ (ခြောက်သိန်း) လောက် သေဆုံးခဲ့ရတယ်လို့ General Bell ရဲ့ အစီရင်ခံစာကို အခြေခံပြီး ပြောဆိုထားပါတယ်။ ဒါကတော့ လွတ်လပ်ရေးရယူလိုတဲ့ ဖိလစ်ပိုင်ပျောက်ကျားတွေအပေါ် အမေရိကန်က ကျူးလွန်ခဲ့တဲ့ ဒီမိုကရေစီ အနိုင်ကျင့်မှုအဖြစ် သုံးသပ်တင်ပြထားပါတယ်။

တချိန်တည်းမှာပဲ ပီကင်းအစိုးရကို ဖြုတ်ချဖို့လည်း အမေရိကန်တွေ ကြိုးပမ်းခဲ့ကြပါသေးတယ်။ အဲဒီမှာလည်း အမေရိကန်စစ်တပ်ဟာ ဈေးဆိုင်တွေကို လုယက်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်သတ်ဖြတ်ခြင်း၊ လက်နက်မဲ့ အရပ်သားတွေကို သတ်ဖြတ်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။ 

ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန်ရဲ့ အကြီးကျယ်ဆုံးသော ဒီမိုကရေစီမုဒိန်းပြုကျင့်မှုအဖြစ် ဂျပန်နိုင်ငံ ဟီရိုရှီးမာနှင့် နာဂါဆာကီကို ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ကို ဖော်ပြထားပါတယ်။ မြို့ပြကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကို ကျူးလွန်ဖို့ အမေရိကန်၊ ဗြိတိန် ပူးပေါင်းဆောင်ရွက်ခဲ့တာကိုလည်း ထောက်ပြပြောဆိုထားပါတယ်။ အမေရိကန်လေတပ်ရဲ့ ယုတ်မာရက်စက်မှုကြောင့် ဂျပန်နိုင်ငံသား ၃၃၇၀၀၀ (သုံးသိန်းသုံးသောင်းခုနှစ်ထောင်) အထိ သေဆုံးခဲ့ရတယ်လို့ ထောက်ပြထားပါတယ်။

အလားတူ ဂျာမဏီနိုင်ငံကို ဗုံးကျဲတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့အတွက် ခန့်မှန်းခြေ ၃၀၀၀၀၀(သုံးသိန်း) ကနေ ၆၀၀၀၀၀(ခြောက်သိန်း) အထိ သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ 

ရိုမေးနီးယားနဲ့ ဟန်ဂေရီတို့မှာလည်း အလားတူ ဗုံးကျဲတိုက်ခိုက်မှုတွေ လုပ်ခဲ့သလို ဥရောပတလွှားမှာ ရောက်ရှိနေထိုင်တဲ့ ဂျာမဏီတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေဟာလည်း ရက်စက်လွန်းခဲ့ပါတယ်။ ကနေဒါစာရေးဆရာနှင့် ထုတ်ဝေသူဟောင်း James Bacque က စစ်ပွဲမပြီးဆုံးမီနှင့်အပြီးတွင် ဥရောပရှိ အမေရိကန်အကျဉ်းစခန်းများရှိ ဂျာမန်စစ်သားနှင့် အရပ်သားများသည် ငတ်မွတ်မှု၊ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများအတွင်း များစွာ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ကိန်းဂဏန်းအားဖြင့် ၉၀၀၀၀၀(ကိုသိန်း)ကျော် တစ်သန်းအထိ ရှိတယ်လို့ ဆိုပါတယ်။


ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန်စစ်တပ်ဟာ အမေရိကန်မဟုတ်သူ အခြားနိုင်ငံများက ပြည်သူများကို သတ်ဖြတ်ခဲ့ရာမှာ လူဦးရေ ၉၇၈၀၀၀ (ကိုးသိန်းခုနှစ်သောင်းရှစ်ထောင်) အထိ ရှိတယ်လို့ ထောက်ပြထားပါတယ်။

R.J. Rummel ရေးသားထားတဲ့ Death By American Bombing And Other Democide ဆိုတဲ့ ဆောင်းပါးကတော့ ကျမ်းကိုးတွေကို ပြန်ညွှန်းထားတာဖြစ်တဲ့အတွက် ဒီလောက်ပဲ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ 

ဆက်လက်ဖော်ပြရမှာကတော့ ဗီယက်နမ်မှာ ကျူးလွန်ခဲ့တဲ့ အမေရိကန်ရဲ့ ဒီမိုကရေစီမုဒိန်းကျင့်မှုဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကျူးကျော်အနိုင်ကျင့် စော်ကားမှုကြောင့် ဗီယက်နမ်ပြည်သူပေါင်း ၆၂၇၀၀၀ (ခြောက်သိန်းနှစ်သောင်းခုနှစ်ထောင်) အထိ သေဆုံးခဲ့ရတယ်လို့ အချက်အလက်များအရ သိရပါတယ်။

အကျဉ်းချုပ်အားဖြင့် အမေရိကန်ရဲ့ ဒီမိုကရေစီအနိုင်ကျင့်မှုဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ တိုင်းပြည်တွေမှာ အပြစ်မဲ့အရပ်သားပြည်သူပေါင်းများစွာ သေကျေပျက်စီးခဲ့ရပါတယ်။ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား၊ အာဖဂန်နိုင်ငံတွေမှာ ပြာပုံဘဝကို ရောက်သည်အထိ အမေရိကန်ရဲ့ ဒီမိုကရေစီမုဒိန်းကျင့်မှုကို အဆိုးရွားဆုံးခံခဲ့ရတဲ့ တိုင်းပြည်တွေပဲ ဖြစ်ပါတယ်။


မြန်မာ့တပ်မတော်က လူမျိုးတုန်း သတ်ဖြတ်နေပါတယ်လို့ လိမ်ညာဝါဒဖြန့်နေတဲ့ အမေရိကန်ဟာ မြန်မာနိုင်ငံအတွင်းမှာလည်း လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အထောက်အထားတွေ မြင်တွေ့လာရပါပြီ။ အမေရိကန်က အထောက်အပံ့ပေးထားတဲ့ NLD အကြမ်းဖက်အုပ်စုရဲ့ သတ်ဖြတ်မှုဟာ တစ်နှစ်တာ ကာလအတွင်းမှာပဲ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၂၃၀၀ ကျော်အထိ သတ်ဖြတ်ခဲ့ပြီးပါပြီ။ မြန်မာ့သမိုင်းမှာ မြန်မာတိုင်းရင်းသား ပြည်သူအချင်းချင်း အခုလို ရက်စက်ယုတ်မာခဲ့တဲ့ ဖြစ်စဉ် မရှိခဲ့ဖူးပါဘူး။ အမေရိကန်ရဲ့ သွေးထိုးမြှောက်ပင့်ပေးမှုကြောင့် NLD ပါတီကနေ ပေါ်ထွက်လာတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေဟာ သာမန်အရပ်သားပြည်သူကို သတ်ဖြတ်ရုံတင်မဟုတ်တော့ဘဲ သံဃာတော်တွေကိုပါ သတ်ဖြတ်သည်အထိ နိုင်ငံရေးမှိုင်းထည့်ခဲ့တဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမားများဟာ အမေရိကန်ရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေကြသူတွေဖြစ်လို့ မြန်မာနိုင်ငံအတွင်း လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဖြစ်ပေါ်အောင်ဖန်တီးနေတဲ့ အဓိကလက်သည်ဟာ အမေရိကန်ပဲ ဖြစ်နေပါတယ်။

ဒါကတော့ အမေရိကန်ဟာ မီဒီယာနဲ့မှိုင်းတိုက်ပြီး တိုင်းပြည်ငယ်လေးတွေကို ဒီမိုကရေစီမုဒိန်းကျင့်မှုတွေ ကျူးလွန်နေပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်ရာမှာလည်း လူသန်းနဲ့ချီပြီ သတ်ဖြတ်ဖို့ ဝန်မလေးတဲ့ အကြမ်းဖက်ဝါဒီအမေရိကန်တွေရဲ့ သရုပ်မှန်ကို ရှင်းလင်းမြင်သာစွာ သိရှိနားလည်စေဖို့ပဲ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ဟာ အမေရိကန်စစ်တပ်လို ဘယ်နိုင်ငံကိုမှ ကျူးကျော်တိုက်ခိုက်ပြီး လူမျိုးတုန်းသတ်ဖြတ်တာမျိုး မရှိခဲ့သလို ခိုးဝင်းကျူးကျော်မှုကို နှိမ်နင်းရာမှာလည်း ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ကိုင်လာသူတွေကိုသာ နှိမ်နင်းခြင်းဖြစ်ပြီး အပြစ်မဲ့ ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်မျိုး မရှိခဲ့ဘူးဆိုတာ သိသာထင်ရှားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ဆိုသူက ယုတ္တိမတန်တဲ့ စကားလုံးတွေနဲ့ အရှက်သိက္ခာကင်းမဲ့စွာ ပြောခဲ့တဲ့ စကားတွေအပေါ်မှာ အချက်အလက် အကိုးအကားများအရ အမေရိကန်ဟာ ကမ္ဘာ့ပြည်သူပေါင်းများစွာကို လူမျိုးတုန်း သတ်ဖြတ်ခဲ့တာ အကြိမ်ပေါင်း မနည်းတော့ဘူးဆိုတာ ထင်ရှားစွာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

1 comment:

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)