တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး အမှတ်စဉ် (၃ /၂၀၂၂) အစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး အမှတ်စဉ် (၃ /၂၀၂၂) အစည်းအဝေးသို့ တက်ရောက်

 




MNP - မတ်    ၃၁

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုကတိုင်းဒေသကြီးတွင် ရင်းနှီးမြှပ်နှံမှုနှင့်ပတ်သက်ပြီး ငွေကြေးလည်ပတ်မှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများဖြစ်ပေါ်စေရန်နှင့်၊ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ Khant Shwe Pyi Co., Ltd အနေဖြင့် အဝေးပြေးယာဉ် ရပ်နားစခန်းအား မြန်ဆန်စွာ ပြီးစီးအောင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ Makro Manufacturing Co., Ltd. အနေဖြင့် ငါးစည်သွပ်ဘူး၏သဘောသဘာဝက ဘေးထွက်ဆိုးကျိုးနှင့် အနံ့အသက်ထွက်ရှိနိုင်သဖြင့် ဂရုပြုကြရန် လိုအပ်ကြောင်း၊ စက်ရုံအနေဖြင့်လည်း အနံ့အသက်မထွက်အောင် ဆောင်ရွက်ကြရန်နှင့် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကြောင့် ဆိုးကျိုးများမဖြစ်ပေါ်အောင် စနစ်တတကျ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရာခိုင်နှန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှုဖြင့် Khant Shwe Pyi Co., Ltd. က အကွက်အမှတ် (၁၀၄) ၊ သပြေချောင်းကျေးရွာအုပ်စု၊ ထားဝယ်ခရိုင် -ထားဝယ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြေဧရိယာ(၂၀.၁၅) ဧကပေါ်တွင် အဝေးပြေးယာဉ်ရပ်နား စခန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုအမိန့်ဖြင့် Makro Manufacturing Co., Ltd. က မူလအတည်ပြုမိန့်ပါရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းအမျိုးအစားတွင် အသား ငါးစည်သွပ်ဘူးနှင့် လေလွင့်ငါးခြောက်မှုန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းအစား အသားငါး စည်သွပ်ဘူးနှင့် လေလွင့်ငါးခြောက်မှုန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဟူ၍လည်းကောင်း မူလအတည်ပြုမိန့်ပါ  ရင်းနှီးမြှပ်နှံမှုတည်နေရာ ပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)