MNP - မတ် ၃၁
ပွင့်လင်းရာသီ ရောက်ရှိပြီးဖြစ်သည့်အတွက် နတ်တလင်းမြို့နယ်အတွင်းရှိ မိဘပြည်သူများ မီးဘေးကြောင့် ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှိုးဆော်ချက်များတွင် ပြည်သူများအနေနှင့် လျှပ်စစ်မီးကို စနစ်တကျအသုံးပြုရန်၊ လျှပ်စစ်ဝါယာကြိုးများ မီးပလပ်ပေါက်များဟောင်းနွမ်းနေပါက သက်ဆိုင်ရာကျွမ်းကျင် ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင်ထားရန်၊ ထင်းမီးဖို အသုံးပြုသူများအနေဖြင့် မီးကြွင်းမီးကျန်များကို စနစ်တကျ မီးငြှိမ်းသတ်ကြရန်နှင့် မီးဘေးအတွက် ကြိုတင်ပြင်ဆင်ရမည့် ရှောင်ရန်/ဆောင်ရန် အချက်များ၊ မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ ထားရှိရန်နှင့် မီးလောင်မှုဖြစ်ပွားလာပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
သတင်း - ဝေယံဖြို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment