MNP - မတ် ၁၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု အင်ကြင်းမြိုင် တဲတိုက်သို့ ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော်တာဝန်ခံ ဦးဝင်းမင်းထွန်းက ပြောကြားသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု အင်ကြင်းမြို့ တဲတိုက်အတွက် သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ် လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်း သည့် အင်ကြင်းမြို့တဲတိုက်အတွက် ၁၆၀၀ ဂါလံ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ ၁၀၁၈၀၀ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်နေသော ကျေးလက်ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် အင်ကြင်းမြိုင်တဲတိုက်တွင် အိမ်ခြေ ၄၀ နှင့် လူဦးရေ ၂၀၀ ကျော်နေထိုင်သည့် ကျေးရွာဖြစ်ကာ နွား၊ ဆိတ်၊ ဝက် ကလည်း အိမ်တိုင်းလိုလို မွေးမြူထားကြောင်းသိရသည်။
သတင်း - ကိုထိန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment