လှိုင်းဘွဲမြို့တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် တာဝန် ရှိသူများက လာရောက်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် တာဝန် ရှိသူများက လာရောက်စစ်ဆေး

 


MNP - မတ်    ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်နိုင်ရေး၊ မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်နှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတို့မှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးကျော်ကျော်ထွန်းက အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးရာတွင် အချိန်မှီ ပြီးစီးရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများ၊ တာဝန် များက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုမောင်က အခြေခံမဲစာရင်းများ အချက်အလက် မှန်ကန်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာအုပ်စု(၈၅)အုပ်စုရှိ လူဦးရေ(၁၇၁၈၅၁)ဦးခန့်၏ အခြေခံမဲဆန္ဒရှင် စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ကွန်ပျူတာနည်းပညာကို အသုံးပြု၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း - စောဒိ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)