သရက်မြို့၍၌ မွေးကင်းစမှ အသက်(၂)နှစ်အထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၍၌ မွေးကင်းစမှ အသက်(၂)နှစ်အထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

 




MNP - မတ်    ၁၃

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အထိ ကလေးငယ်များကို ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက ရုံးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့ပေါ်(၈)ရပ်ကွက်ရှိ မွေးကင်းစမှ အသက်(၂)နှစ်ထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခဲ့လျက်ရှိကြောင်း သိရသည်။

မွေးကင်းစမှ အသက် (၂)နှစ်အထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၂)လ ကလေးငယ် များကို ဘီစီဂျီ၊ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယို၊ပြင်းထန်း အဆုတ် ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင် အသားဝါ(ပထမအကြိမ်)၊(၄)လအရွယ် ကလေးငယ်များကို ပိုလီယို၊ ပြင်းထန်းအဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင် (ဒုတိယ)အကြိမ်၊ (၆လ)မှာ(တတိယအကြိမ်)ထိုးနှံရပြီး အသက်(၉)လမှာ ဂျပန် ဦးနှောက် ရောင်၊ ဝက်သက်၊ ဂျိုက်သိုး(ပထမ)အကြိမ်နှင့် အသက်(၁)နှစ်(ခွဲ)မှာ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊အသည်း ရောင်အသားဝါ(ဘီ)ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်) ကာကွယ်ဆေး များကို စတုတ္ထအကြိမ်နှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများကို ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ ဆေးထိုးရန် ကျန်ရှိနေသည့် ကလေးငယ် များအား မတ်လ(၁၄)ရက်နှင့် (၁၅)ရက်တို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 သတင်း - ဇော်ထက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)