MNP - မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ စာရေးများအပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေးပြုလုပ်ရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် နေ့ရက်အလိုက် အပြင်စည်းလုံခြုံရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ချထားရာ ပူးပေါင်းဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်သူများထိုးနှံရေး ကျေးရွာ အရောက် ကွင်းဆင်းသည့်အခါ စည်းရုံးပြောကြား တိုက်တွန်းအားပေး ဆောင်ရွက်ရန်၊ မီးဘေး ကြိုတင်ကာကွယ်ရေး ဝိုင်းဝန်းဆောင်ရွက်ရန်၊ မီနီဘဏ္ဍာရေးနှစ် ပြီးဆုံးတော့မည်ဖြစ်၍ လုပ်ငန်းများ အပြီးသတ်ဆောင်ရွက်ရန်၊ ကြွေးကျန်များ ကောက်ခံပေးသွင်းရေး ကောက်ခံရန်၊ လုံခြုံရေးကိစ္စရပ်များ အလေးထား စီမံဆောင်ရွက်ရန် လိုအပ်သည်များ အသေးစိတ် ဆွေးနွေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပိုစ့်
No comments:
Post a Comment